VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်စုကို စတင် ဖမ်းဆီးကတည်းက ဥပဒေနဲ့ မညီကြောင်း အကျိုးဆောင်ရှေ့ နေတွေ ချေပ

08 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ ၂၀၀၃ ခုနှစ် ဒီပဲယင်း တိုက်ခိုက်မှုကြီးအပြီး စတင် ဖမ်းဆီးခဲ့တာကိုက ဥပဒေနဲ့  မညီတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့  အကျိုးဆောင် ရှေ့ နေတွေက ပြောဆိုပါတယ်။ ဒီလို ဥပဒေနဲ့  မညီဘဲ ဖမ်းဆီးထားတဲ့အခြေအနေတွေကို တရားရုံးမှာ တင်ပြဘို့ လည်း ပြင်ဆင်နေပါတယ်။

စွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ မေလ ၁၈ ရက်နေ့ကနေ တရားရုံးမှာ ဆက်တိုက်ကြားနာ စစ်ဆေးတာတွေ ဆက်လုပ်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချဖို့ ပြင်ဆင်ထားတာကြောင့် ဆက်လက်ဖမ်းဆီးနိုင်အောင် အကြောင်းရှာနေတယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။  

ရှေ့ နှစ် စစ်အစိုးရကျင်းပဖို့ စီစဉ်တဲ့ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိက အဟန့်အတားတခု ဖြစ်နေတယ်လို့ စစ်အစိုးရဘက်က သတ်မှတ်ပုံရတဲ့အကြောင်း အန်အယ်လ်ဒီ ခေါင်းဆောင်တွေက သုံးသပ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ တရားဆွဲဆိုနေတာဟာ ဒီမိုရေစီရေးအတွက် မကောင်းတဲ့ လက္ခဏာ ဖြစ်ပေမယ့်လည်း နိုင်ငံတကာရဲ့  တုံ့ပြန်မှုတွေအပေါ်မှာတော့ အားရမိတယ်လို့ ဦးဝင်းတင်ကပြောပါတယ်။

ဒီနေ့ မြန်မာပြည် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပြည်သူတွေရဲ့  ပါဝင်မှု လျော့နည်းသွားပေမယ့် လူထုရဲ့  တိုင်းပြည် ပြောင်းလဲအောင် ပါဝင်ဆောင်ရွက်မယ့် အခန်းကိုတော့ လျော့တွက်လို့ မရဘူးလို့ သုံးသပ်တာဖြစ်ပါတယ်။
    
မြန်မာစစ်အစိုးရကို ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့  တိုက်တွန်းတဲ့ နိုင်ငံတကာရဲ့  ကြေညာချက်တွေဟာ မထိရောက်သေးရင်တောင် လေးနက်မှုရှိတဲ့ ကြေညာချက်တွေ ဖြစ်တယ်လို့ ဦးဝင်တင်က ခံယူပါတယ်။
 



မှတ်ချက် အကြံပြုချက်များ:

1. အှမှန်တကယ်အရေးယူသင့်သူများ

ဒေါ်စုကြည်နေအိမ်ကိုနိုင်ငံခြားသား ၀င်ရောက်ခြင်းကို အရေးယူတဲ့ကဏ္ဍမှာ .... ဒေါ်စုကြည်နေအိမ်ကို စောင့်တဲ့လုံခြုံရေးတွေကို အရင်ဆုံး အရေးယူသင့်တယ်လို. ထင် ပါတယ်။
မှတ်ချက်တင်သွင်းသူ: kokomg (myanmar)
06-14-2009 - 17:38:26

2. ကျေးဇူးပဲU တို့news အတွက်

ကျေးဇူးပဲU တို့news အတွက်
မှတ်ချက်တင်သွင်းသူ: kyaw tun (myanmar/yangon)
06-12-2009 - 14:09:17

Download ဗွီဒီယိုသတင်း
နားဆင်ရန်  (WM)
Watch This Report ဗွီဒီယိုသတင်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်  Audio Clip Available

  More From VOA
နိုင်ငံ့ရှေ့ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား ထုတ်ပြန်ဖွယ်ရှိ  Audio Clip Available
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု  Audio Clip Available
သမ္မတ အိုဘားမားနဲ့ မြန်မာဝန်ကြီးချုပ်တို့ စင်ကာပူမှာ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိ  Audio Clip Available
ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available
သမ္မတ အိုဘားမား စင်ကာပူမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်  Audio Clip Available