VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
စစ်အစိုးရ ထိုးစစ်ကြောင့် ကရင်ဒုက္ခသည် သုံးထောင်လောက် ထိုင်းဘက် ထွက်ပြေး

09 June 2009

 မြန်မာစစ်အစိုးရစစ်တပ်က ကေနန်ယူ တပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်လို့ မြန်မာ ၃,၀၀၀ လောက် ထိုင်းနယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်နဲ့ ထောက်ပံ့ရေးအဖွဲ့များက ဆိုပါတယ်။

ကရင်ပြည်နယ် လယ်ပေါ်ဟွာ ဒုက္ခသည်စခန်းက အရပ်သား ၃,၂၉၅ ယောက် အနီးအနားက အစိုးရစစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် Free Burma Rangers ထောက်ပံ့ရေးအဖွဲ့က ကြေညာပါတယ်။

နှစ်နိုင်ငံနယ်စပ်မှာ မြန်မာစစ်တပ်က KNU ကေနန်ယူ ကရင်အမျိုးသားအစည်းအရုံးကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့အတွက် ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးလာတယ်လို့လည်း ထိုင်းစစ်တပ်ကလည်း ဆိုပါတယ်။

မြန်မာစစ်တပ်က ဒီကေဘီအေခေါ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ အကူနဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးကို အရင်သီတင်းပတ်ကတည်းက တိုက်ခိုက်နေကြတယ်လို့ ထိုင်းအခြေစိုက် ထောက်ပံ့ရေးအဖွဲ့များကလည်း ပြောဆိုကြပါတယ်။


Download ကြည့်ရှု့ရန်
နားဆင်ရန်  (WM)
Watch This Report ကြည့်ရှု့ရန်
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်  Audio Clip Available

  More From VOA
နိုင်ငံ့ရှေ့ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား ထုတ်ပြန်ဖွယ်ရှိ  Audio Clip Available
ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ထိုင်းအစိုးရထံ လွှဲပြောင်းပေးအပ်မှာ မဟုတ်
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု  Audio Clip Available
သမ္မတ အိုဘားမားနဲ့ မြန်မာဝန်ကြီးချုပ်တို့ စင်ကာပူမှာ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိ  Audio Clip Available
ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available