VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မြန်မာ့အရေး ထိရောက်အောင် ကူညီဖို့ အာရှ နိုင်ငံတွေကို ပြင်သစ်နဲ့ ဂျာမဏီ တိုက်တွန်း

15 June 2009

ဂျွန်လ ၁၁ ရက်နေ့၊ ကြာသာပတေးနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြင်သစ်သမ္မတ နီကိုလတ်ဇ် ဇာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာ မက်ကဲလ် (Angela Merkel) တို့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆိုနေတာတွေနဲ့ ပတ်သက်လို့  စိတ်မကောင်းဖြစ်မိတဲ့အကြောင်း ပြောဆိုသွားပါတယ်။

ပြင်သစ် သမ္မတ နစ်ကိုလတ်ဇ် ဇာကိုဇီ က ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော်တို့ အထူးစိုးရိမ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရဖို့ ကျနော် တယ်လီဖုံးဆက် ကြိုးစားခဲ့ပါတယ်။ မြန်မာစစ်အစိုးရက ကျနော်ကို ခွင့်မပြုခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော် အထူးပဲ စိတ်မကောင်းဖြစ်မိပါတယ်လို့ ပြောဆိုသွားပါတယ်။

ဂျာမန် ၀န်ကြီးချုပ် အန်ဂဲလာ မက်ကဲလ်ကလည်း မြန်မာနိုင်ငံ့အရေးကို ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံကတကာ မိသားစုက ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ဆော်သြသွားခဲ့ပါတယ်။

ကမ္ဘာတ၀ှမ်းလုံး အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ အနေနဲ့ စစ်အစိုးရဖက်က လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ် လူ့အခွင့်အရေး စံသတ်မှတ်ချက်တွေနဲ့ အညီ ပြုမူဆက်ဆံလာအောင်၊ ဒေသတွင်းနိုင်ငံတွေရဲ့ သြဇာသက်ရောက်မှုကို သုံးပြီး တိုက်တွန်းကြဘို့ လိုပါတယ်။ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေး နည်းလမ်းရှာနိုင်အောင် အတတ်နိုင်ဆုံး လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောဆိုသွားပါတယ်။

Chancellor of Germany Angela Merkel & French President Nicolas Sarkozy
ပြင်သစ်သမ္မတ နီကိုလတ်ဇ် ဇာကိုဇီ (Nicolas Sarkozy) နဲ့ ဂျာမန်ဝန်ကြီးချုပ် အန်ဂဲလာ မက်ကဲလ် (Angela Merkel)


Download ဗွီဒီယိုသတင်း
နားဆင်ရန်  (WM)
Watch This Report ဗွီဒီယိုသတင်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု  Audio Clip Available

  More From VOA
သမ္မတ အိုဘားမားနဲ့ မြန်မာဝန်ကြီးချုပ်တို့ စင်ကာပူမှာ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိ  Audio Clip Available
ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available
သမ္မတ အိုဘားမား စင်ကာပူမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်  Audio Clip Available
အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အတွက် မြန်မာစစ်အစိုးရကို ဒေါ်စု ကျေးဇူးတင်  Audio Clip Available
ဘာလင်တံတိုင်း ပြိုကျခြင်း နှစ်ပတ်လည် ဂျာမဏီ ကျင်းပ  Audio Clip Available