VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်စု ရုံးတင်တရားစွဲဆိုအမှု ရုံးချိန်း ထပ်မံရွှေ့ဆိုင်း

15 June 2009

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရဖက်က တရားစွဲဆိုထားတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က ခုခံထွက်ဆိုမယ့်  နောက်ထပ် သက်သေတွေကို ခွင့်ပြုဖို့ တရားရုံးချုပ်မှာ ရှေ့ နေတွေက လျှောက်ထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖက်က ခုခံထွက်ဆိုမယ့် သက်သေ ၄ ယောက်ကို ရှေ့ နေတွေက တင်သွင်းခဲ့ပေမယ့် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်တို့ကို စစ်အစိုးရဖက်က ဇွန်လ ၉ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။

ခုခံချေပဖို့ တင်သွင်းမယ့် သက်သေတွေကို အကြောင်းပြချက် မရှိပဲ ပယ်ချရတာဟာ ဥပေဒေကြောင်းအရ မှန်ကန်မှုမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဖက်က သက်သေတွေ ထပ်ပြီးခွင့်ပြုဖို့ ကြိုးစားသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ကို ပြောင်းရွှေ့ ခဲ့တဲ့ မေလ အတွင်း သတင်းပတ်တွေမှာ အမှုကို နေ့စဉ် ဆက်တိုက်ကြားနာ စစ်ဆေးခဲ့တာကြောင့် ဒီအမှုကို မြန်မြန်ဆန်ဆန် တရားရုံးက စီရင်ချက်ချကောင်းချနိုင်တယ်ဆိုတဲ့ တွက်ဆချက်တွေ ရှိခဲ့ပါတယ်။ အခုနောက်ပိုင်းရက်တွေမှာတော့ အမှုနဲ့ ပတ်သက်လို့ ကြန့်ကြာမှုတွေရှိနေပါတယ်။ 



မှတ်ချက် အကြံပြုချက်များ:

1. hi

ကျွန်တော်ကတော့ voa ရဲ့ပရိတ်သတ်တစ်ဦးပါ .အင်တာနက်ရောက်တိုင်းလည်း voa ရဲ့သတင်းဆောင်းပါးတွေကို ဖတ်ဖြစ်ပါတယ် အခုကျွန်တော်က မလေးရှားမှာပါ .မြန်မာပြည်မှာတုန်းကဆို ညတိုင်းလိုလို voa အသံလွှင့်အစီအစဉ်တွေကို နားထောင်ဖြစ်ပါတယ် . ကျွန်တော်ကလူငယ်လေးတစ်ယောက်ဆိုပေမယ့် နိုင်ငံရေးကိုပိုပြီး စိတ်ဝင်စားတယ်. ဒေါ်စုကိုလည်း အရမ်းလေးစားတဲ့သူတစ်ယောက်ပေါ့ . ကျွန်တော့အခန်းရဲ့ နံရံမှာဆို ဒေါ်စုရဲ့ ပုံကိုတောင်ချိတ်ဆွဲထားတာ . အခုလိုဒေါ်စုကို စစ်အစိုးရက ဖမ်းဆီးထားတယ်ဆိုတာ သိရတော့စိတ်မကောင်းဘူးဗျာ. ကျွန်တော်က အစိုးရ၀န်ထမ်းဟောင်းတစ်ယောက်ပါ . စစ်မျိုးစစ်နွယ်တွေရဲ့ မကောင်းမှုကြောင့် အလုပ်ကနေထွက်လာခဲ့ရတာပါ . ဘာဘဲဖြစ်ဖြစ်ပေါ့ဗျာ . ကျွန်တော်ကတော့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ထွန်းကားပြီး ဒေါ်စုအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ဘဲဆုတောင်းပေးပါတယ်
မှတ်ချက်တင်သွင်းသူ: မင်းမင်း (malaysia)
06-18-2009 - 09:39:05

Download ဗွီဒီယိုသတင်း
နားဆင်ရန်  (WM)
Watch This Report ဗွီဒီယိုသတင်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available

  More From VOA
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available