VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို

30 June 2009

ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး မြန်မာနိုင်ငံကို ခရီးဆက်တော့မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေးအတွက် စစ်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးသင့်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တိုကျိုမြို့ကို ရောက်ရှိနေတဲ့ မစ္စတာဘန်ကီမွန်းဟာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖုမိ နာကာဆိုနဲ (Hirofumi Nakasone) နဲ့ တွေ့ဆုံပြီး သတင်းထောက်တွေကို အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို ဇူလိုင်လ ၃ ရက်နဲ့ ၄ ရက်နေ့မှာ သွားမယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ မစ်ရှဲလ် မွန်းတပ်စ် (Michele Montas) က မနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ အဆိုအရ မြန်မာ့နိုင်ငံရေးမှာ မဖြစ်မနေ ကိုင်တွယ်ဖို့ လိုအပ်တဲ့ ကိစ္စတွေကတော့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ အစိုးရနဲ့ အတိုက်အခံတွေကြား တွေ့ဆုံဆွေးနွေးမှုတွေ အမြန်ဆုံး စတင်ရေး၊ အများယုံကြည် ကိုးစားလောက်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အခြေအနေ ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့ ပြုလုပ်ဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စတွေကို မြန်မြန်ကိုင်တွယ်လေ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ သာယာဝပြောရေးကို ရှေးရှုပြီး အမြန်ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အလေးအနက် ပြောဆိုလိုက်ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် သွေးတိုးရောဂါ ခံစားနေရ  Audio Clip Available

  More From VOA
ဖိလစ်ပိုင် ငါးဖမ်းသမား ၁၄ ဦး အိမ်ပြန်နိုင်ရေး သံတမန်တွေ ကြိုးပမ်း  Audio Clip Available
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ မူးယစ်ဆေးတွေ ဖြန့်ဖြူးနေ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း  Audio Clip Available
ဖိလစ်ပိုင် နိုင်ငံရေး သတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ  Audio Clip Available
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available