VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဟောင်ကောင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဆန္ဒပြ

01 July 2009

ဗြိတိသျှ အုပ်ချုပ်ခဲ့တဲ့ ဟောင်ကောင်ကို တရုတ်ပြည်မကြီးထံ ပြန်လည်လွှဲပြောင်းပေးခဲ့တဲ့ ၁၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဟောင်ကောင်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖော်ဆောင်ဖို့ ဟောင်ကောင်လူထု ဒီနေ့ ဆန္ဒပြပွဲ ဆင်နွှဲခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ ဗစ်တိုးရီးယားပန်းခြံကနေ ဟောင်ကောင်အစိုးရ ရုံးစိုက်ရာ နေရာကို လူထု ချီတက်ဆန္ဒပြခဲ့ရာမှာ ဒီမိုကရေစီရေးနဲ့ လူထုကို အာဏာလွှဲပြောင်းပေးဖို့ ကြွေးကြော်ခဲ့ကြပါတယ်။

စီးပွားရေး ကျဆင်းနေတာကို ကန့်ကွက်ပြီး အုပ်ချုပ်ရေးပိုင်းကို လူထုက စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့်ကို တောင်းဆိုခဲ့ကြပါတယ်။ ဟောင်ကောင်ကို ၁၉၉၇ခုနှစ် ဂျူလိုင်လ ၁ရက်နေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့ပေမဲ့ အနောက်နိုင်ငံတွေလိုပဲ သတင်းလွတ်လပ်ခွင့်၊ လူထု စည်းရုံးခွင့် အပါအ၀င် လူမှုလွတ်လပ်ခွင့်တွေ အထိုက်အလျောက် ခံစားနေကြရဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်ပိုင်းကိုတော့ လူထုက ရွေးချယ်ပိုင်ခွင့် မရှိပါဘူး။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်  Audio Clip Available

  More From VOA
နိုင်ငံ့ရှေ့ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား ထုတ်ပြန်ဖွယ်ရှိ  Audio Clip Available
ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ထိုင်းအစိုးရထံ လွှဲပြောင်းပေးအပ်မှာ မဟုတ်  Audio Clip Available
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု  Audio Clip Available
သမ္မတ အိုဘားမားနဲ့ မြန်မာဝန်ကြီးချုပ်တို့ စင်ကာပူမှာ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိ  Audio Clip Available
ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available