VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မြောက်ကိုရီးယားရေပြင်အနီး သင်္ဘောမ၀င်ဖို့သတိပေး

02 July 2009
မြောက်ကိုရီးယားက မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ ထပ်ပြီးလုပ်လာမှာကို စိုးရိမ်မှုတွေများနေတဲ့ အချိန်မှာပဲ ဒီလကုန်ပိုင်း စစ်ရေးလေ့ကျင့်မှုတွေ လုပ်တဲ့အခါမှာ ပင်လယ်ပြင်အတွင်း သင်္ဘော အသွားအလာတွေ ကင်းရှင်းအောင်နေကြဖို့ မြောက်ကိုရီးယားက သတိပေးချက် ထုတ်ထားတယ်လို့ ဂျပန်ကမ်းခြေ လုံခြုံရေးက ပြောပါတယ်။ ဂျပန်ပင်လယ်ပြင်နဲ့ ပင်လယ်ဝါ တ၀ိုက်က ကမ်းခြေဆယ်ခုမှာ အသွားအလာ လုပ်နေတဲ့သင်္ဘောတွေကို ရှောင်ရှားနိုင်ဖို့ သတိပေးထားတဲ့ အီးမေးတစောင်ကို ဗုဒ္ဓဟူးနေ့တုံးကလက်ခံရရှိခဲ့တဲ့အကြောင်း ဂျပန်ကမ်းခြေ လုံခြုံရေးအရာရှိတွေက ပြောတာပါ။ စောစောပိုင်းတုန်း ရထားတဲ့ သတိပေးချက် တခုမှာတော့ ဂျပန်ပင်လယ်တ၀ိုက်မှာ ဇွန်လ ၂၅ရက်ကနေ ဇူလိုင် ၁၀ရက်အထိ သင်္ဘောတွေ အသွားအလာ မလုပ်ဖို့ ဆိုထားပါတယ်။ မြောက်ကိုရီးယားဘက်က ဘယ်လို စစ်ရေးလေ့ကျင့်မှုတွေနဲ့ စီစဉ်နေတာလဲဆိုတာ သေသေချာချာ မသိရဘူးလို့ ဂျပန်အရာရှိတွေက ပြောပါတယ်။

လာမယ့် ရက်အနည်းငယ်အတွင်းမှာ မြောက်ကိုရီးယားဘက်က မစ်ဇိုင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မယ့် အရိပ်လက္ခဏာတွေ မတွေ့ရဘူးလို့ အမေရိကန်ရေတပ်အရာရှိ မိုက်ကလ် မူလင်က မနေ့တုန်းက ပြောခဲ့ပါသေးတယ်။ မြောက်ကိုရီးယားဘက်ကတော့ သူ့ရဲ့သင်္ဘောတွေကို ဘယ်နိုင်ငံကပဲ နှောက်ယှက်နှောက်ယှက် စစ်ရေးနဲ့ တုံ့ပြန်သွားမယ်လို့ မနေ့ကပဲ သတိပေး ခြိမ်းခြောက်ခဲ့ပါသေးတယ်။ သံသယရှိတဲ့ မြောက်ကိုရီးယားက ကုန်တင်သင်္ဘောတွေကို ၀င်ရောက် စစ်ဆေးခွင့်နဲ့ ပါတ်သက်ပြီး ကုလသမဂ္ဂဘက်က ဆုံးဖြတ်ချက်အသစ် ချမှတ်ရေး ကိစ္စ အခု ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းနဲ့ ဂျပန်ဝန်ကြီးချုပ် တာရိုအာဆိုတို့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြ ပါသေးတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ မစ်ဇိုင်းဒုံးကျည် လုပ်ငန်းတွေ တိုးတက်လာမှာကို ဟန့်တားဖို့အရေး ကုလသမဂ္ဂ ဆုံးဖြတ်ချက် ချဖို့ကိစ္စဟာ ကမ္ဘာ့နိုင်ငံ အားလုံးက အရေးတကြီး ၀ိုင်းလုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ မြန်မာပြည်ဘက်ကို ဦးတည်ပြီး သွားနေတယ်ဆိုတဲ့ မြောက်ကိုရီးယား သင်္ဘောဟာ တနင်္ဂနွေနေ့တုန်းက မြောက်ကိုရီးယားဘက်ကို ပြန်လှည့်သွားပုံရတယ်လို့ အမေရိကန် အရာရှိတွေက အင်္ဂါနေ့တုန်းက ပြောပါတယ်။ အဲဒီသင်္ဘောကို အမေရိကန် ရေတပ် သင်္ဘောက တပတ်ကျော်ကြာအောင် နောက်ယောင်ခံလိုက်နေခဲ့တာပါ။

Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
မြန်မာ့ဒီမိုကရေစီအရေး အမေရိကန် အပေးအယူ လုပ်မည်မဟုတ်  Audio Clip Available

  More From VOA
နိုင်ငံ့ရှေ့ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား ထုတ်ပြန်ဖွယ်ရှိ  Audio Clip Available
ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ကို ထိုင်းအစိုးရထံ လွှဲပြောင်းပေးအပ်မှာ မဟုတ်  Audio Clip Available
Fort Hood စစ်စခန်း ကျဆုံးသူတွေကို သမ္မတ အိုဘားမား ဂါရ၀ပြု  Audio Clip Available
သမ္မတ အိုဘားမားနဲ့ မြန်မာဝန်ကြီးချုပ်တို့ စင်ကာပူမှာ သီးခြားတွေ့ဆုံဖို့ အစီအစဉ် မရှိ  Audio Clip Available
ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available