VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဘန်ကီမွန်း ဒေါ်စုနဲ့ တွေ့ခွင့်ရမရ မသေချာသေး

03 July 2009

မြန်မာနိုင်ငံကို ဒီကနေ့ သောကြာနေ့မှာ ရောက်ရှိမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်မြောက်ဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ ပြန်စတင်နိုင်ဖို့ တွန်းအားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

သူ့ခရီးစဉ်ရဲ့ အချိန်အခါပေါ်မှာ စိုးရိမ်မှုတွေ ရှိကြတာကို နားလည်ထားပါတယ်လို့ မစ္စတာဘန်က သတင်းထောက်တွေကို စင်ကာပူမှာ ခရီးတထောက် ရပ်နားစဉ် ပြောသွားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံလိမ့်မယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေ မြန်မာဌာနကို ပြောသွားခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံလိမ့်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

မစ္စတာဘန်ဟာ မြန်မာနိုင်ငံမှာ ၂ ရက်တာ ရောက်ရှိနေစဉ်မှာ တခြား အတိုက်အခံပါတီက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့တော့ ကြေညာတာ မတွေ့ရသေးပါဘူး။

မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို ရောက်ရှိမယ့် ဒီကနေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားခွင် ပြန်စတင် စစ်ဆေးမယ့်ရက်လည်း ဖြစ်နေပါတယ်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ဒီတရားခွင်ဟာ အတုအယောင် တရားခွင်ဖြစ်တယ်၊ နောက်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ထားချင်လို့ ဖြစ်တယ်ဆိုပြီးတော့ ရှုတ်ချပြောဆိုကြပါတယ်။

အတွင်းရေးမှူးချုပ် မစ္စတာဘန်ကတော့ သူ မြန်မာအာဏာပိုင်တွေနဲ့ ပြောဆိုဆွေးနွေးတဲ့အခါ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ပူပန်မှုတွေကို အထိရောက်ဆုံး စကားလုံးတွေနဲ့ ပြောဆိုပြသွားမှာ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း  Audio Clip Available

  More From VOA
ဖိလစ်ပိုင် နိုင်ငံရေး သတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ  Audio Clip Available
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available