VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မြောက်ကိုရီးယား ဒုံးပျံစမ်းသပ်မှုတွေ ထပ်မံ ပြုလုပ်

03 July 2009
မြောက်ကိုးရီးယား နိုင်ငံ ဒုံးကျည်ပစ်လွှတ်မှုမှာ တောင်ကိုရီးယား နိုင်ငံကို ရန်စတဲ့သဘော ဖြစ်နေတယ်လို့ တောင်ကိုရီးယား စစ်ဖက် အရာရှိတွေက ပြောပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရက ယုံဟပ် (Yonhap) သတင်းဌာနကို ပြောကြားရာမှာ ဒီ ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေဟာ တောင်နဲ့မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး ကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား နိုင်ငံက ကြာသပတေးနေ့မှာ သူတို့ရဲ့ အရှေ့ဘက် ကမ်းခြေအလွန်မှာ တာဝေးပစ် ဒုံးကျည် ၄ စင်း ပစ်လွှတ်ခဲ့ပါတယ်။ ပထမ ၂ စင်းကို မနက် စောစောပိုင်းမှာ တခုနဲ့ မိနစ် ၄၀ ခြား ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၁၀၀ အကွာ ဂျပန်ပင်လယ်ပြင်ထဲမှာ ကျရောက်ခဲ့ပါတယ်။ နောက် ကျန် ၂ စင်းကိုတော့ ကိုရီးယား အရှေ့ဘက် ကမ်းခြေကနေ နောက် နာရီ အနည်းငယ်အကြာမှာ ခြားပြီး ပစ်လွှတ်ခဲ့ပါတယ်။

အထီးကျန် ဖြစ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံဟာ မကြာခင် ရက်တွေမှာ ဒုံးကျည်တွေကို ပိုပြီး ပစ်လွှတ်နိုင်တယ်လို့ တောင်ကိုရီးယား JoongAng Ilbo သတင်းမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာ ဟာဝိုင်အီ ကျွန်းဘက်ကို တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားနိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ပေါ်ထွက်နေပါတယ်။ ဒါပေမယ့် စစ်ရေး ပြင်ဆင်မှုတွေတော့ မတွေ့ရသေးပါဘူး လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း  Audio Clip Available

  More From VOA
ဖိလစ်ပိုင် နိုင်ငံရေး သတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ  Audio Clip Available
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available