VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မြောက်ကိုရီးယား ရန်စမှုကို တောင်ကိုရီးယား တုံ့ပြန်ရန်အသင့်

04 July 2009
မြောက်ကိုရီးယား ဟာ ဒီသီတင်းပတ် အစောပိုင်းက ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ခဲ့သလို ဒီကနေ့ နောက်ထပ် စမ်းသပ်မှုတွေကို အရှေ့ဘက်ကမ်းရိုးတမ်းမှာ လုပ်ခဲ့တယ် လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အခု ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေဟာ မိုင် ၂၅၀ အကွာအဝေးအထိ သွားနိုင်ပြီး ဂျပန်ပင်လယ်ထဲကို ကျသွားခဲ့တယ်လို့ ယူဆရပါတယ်။ ဒီနှုန်းအတိုင်းဆိုရင် အခု ဒုံးကျည်တွေဟာ တောင်ကိုရီးယား နယ်မြေ အစိတ်အပိုင်း အတော်များများ ကို တိုက်ခိုက်နိုင်စွမ်း ရှိသလို နဲ့ ဂျပန် နိုင်ငံရဲ့ တချို့နေရာတွေအထိလည်း ပစ်ခတ်နိုင်ပါတယ်။

အခု စမ်းသပ်မှုတွေဟာ မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှုတွေကို တားမြစ်တဲ့ မကြာသေးခင်က ကုလသမဂ္ဂ ဆုံးဖြတ်ချက် ကို ချိုးဖောက်ရာ ရောက်တယ်လို့ တောင်ကိုရီးယား အစိုးရ အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယား ရဲ့ ဘယ်လို ခြိမ်းခြောက် ရန်စမှုမျိုးကိုမဆို တုံ့ပြန်ဖို့ တောင်ကိုရီးယားစစ်တပ်က အဆင်သင့် ရှိနေတဲ့အကြောင်း တောင်ကိုရီးယား ပူးတွဲ စစ်ဦးစီးချုပ် က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယား ရဲ့ အခု နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ အမေရိကန်နိုင်ငံသားတွေ လွတ်လပ်ရေးနေ့ ဆင်နွှဲနေတဲ့ ဇူလိုင်လ ၄ ရက်နေ့ပဲ ဖြစ်ပါတယ်။

နောက်ထပ် စမ်းသပ်မှုတွေ လုပ်ဖို့ ရည်ရွယ်ထားတဲ့ ကြာသပတေးနေ့အထိ အရှေ့ဘက် ပင်လယ်ထဲမှာ လှေ သင်္ဘောတွေကို ရှင်းလင်းထားဖို့ မြောက်ကိုရီယား က ပြောဆိုထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရင် ဂျပန် အကူအညီ ပိုပေးမည်  Audio Clip Available

  More From VOA
ဝန်ကြီး ကလင်တန် ဥရောပ အာရှ ခရီးနှင်  Audio Clip Available
စင်ကာပူမှာ အာရှ-ပစိဖိတ် ခေါင်းဆောင်များ အစည်းအဝေး စတင်  Audio Clip Available
အိုဘားမား ကျန်းမာရေးစနစ် ပြုပြင်ရေး အောက်လွှတ်တော် မဲခွဲ အတည်ပြု  Audio Clip Available
အမေရိကန် သမ္မတ အိုဘားမား မြန်မာစစ်အစိုးရ ၀န်ကြီးချုပ်နဲ့ APEC အစည်းအဝေးပွဲမှာ ဆုံဖွယ်ရှိ  Audio Clip Available
တက္ကဆက် စစ်စခန်း ပစ်ခတ်မှု စုံစမ်းစစ်ဆေးရေးတွေ စတင်  Audio Clip Available
အမေရိကန်-မြန်မာ ဆက်ဆံမှုသစ် ဂျပန်ဝန်ကြီးချုပ် ကြိုဆို  Audio Clip Available
နေတိုး မှားပစ်လို့ အာဖဂန်စစ်သား ၇ ဦး သေဆုံး  Audio Clip Available