VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
စိန်ခေါ်မှုတွေ အမေရိကန် ရင်ဆိုင်နေရဆဲ

04 July 2009

ဇူလှိုင်လ ၄ ရက်နေ့မှာ အမေရိကန်နိုင်ငံသားတွေဟာ မီးရှူးမီးပန်းတွေ ပစ်ဖောက်၊ ချီတတ်ပွဲတွေ စင်မြင့်ဖျော်ဖြေပွဲတွေနဲ့ အမေရိကန် လွတ်လပ်ရေးနေ့ကို ဆင်နွဲနေကြပါတယ်။ 

ဝါရှင်တန်ဒီစီနဲ့ နယူးယောက် အပါအ၀င် အမေရိကန် မြို့အတော်များများမှာ အခု ဒေသစံချိန် စနေညပိုင်းမှာ မီးရှူးမီးပန်းတွေ လွှတ်တင် ပစ်ဖောက်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားရေး အကျပ်အတည်းကြောင့်မို့ မြို့ငယ် အတော်များများမှာတော့ လွတ်လပ်ရေး ပွဲတော်ကို အကျဉ်းချုံးပဲ ကျင်းပနိုင်ပါတယ်။

စနေ အပတ်စဉ် မိန့်ခွန်းမှာတော့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ အခုရတဲ့အချိန်အတွင်း ပျော်ပျော်ရွှင်ရွင်နဲ့ ပြန်အားမွေးဖို့ သမ္မတ ဘရက် အိုဘားမား က တိုက်တွန်းသွားပါတယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဟာ စီးပွားရေး အကျပ်အတည်းတွေကနေ အီရတ်စစ်၊ အာဖဂန်စစ် စတဲ့ အတိုင်းအဆ မမြင်နိုင်တဲ့ စိန်ခေါ်အကဲစမ်းမှုတွေ ရင်ဆိုင်နေရတုန်းပဲလို့ သမ္မတ အိုဘားမားက အမေရိကန်လူထုကို သတိပေးခဲ့ပါတယ်။

အခုလို စိန်ခေါ်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတိုင်းဟာ အဆမတန် ကြိုးစားကြဖို့ လိုမယ်လို့ မစ္စတာ အိုဘားမား က ပြောပါတယ်။ ဒါ့အပြင် သူ့ရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ဆိုင်ရာ မူဝါဒပြုပြင်ရေး အစီအစဉ်တွေကို ထောက်ခံကြဖို့လည်း တိုတ်တွန်းသွားပါတယ်။ 

အမေရိကန်မှာ ဗြိတိသျှထံကနေ တရားဝင် လွတ်လပ်ရေး ကြေညာခဲ့တဲ့ ၁၇၇၆ ခုနှစ် ဇူလှိုင် ၄ နေ့ကို အမေရိကန် လွတ်လပ်ရေးနေ့ အဖြစ် သတ်မှတ်ထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available

  More From VOA
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available