VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဟွန်ဒူးရပ်စ်ကို အမေရိကတိုက်နိုင်ငံများ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်း

06 July 2009

 ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီး ရာထူးကနေ ဖြုတ်ချတာခံခဲ့ရတဲ့ သမ္မတ မန်ညူရယ် ဇေလာရာ (Manuel Zelaya) ကို သမ္မတအဖြစ် ပြန်ခန့်အပ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဟွန်ဒူးရပ်စ်နိုင်ငံကို အိုအေအက်စ်(OAS) လို့ခေါ်တဲ့ အမေရိကတိုက် နိုင်ငံများအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းထားဖို့ အိုအေအက်စ် အဖွဲ့ဝင်နိုင်ငံတွေက တညီတညွှတ်တည်း မဲပေး ဆုံးဖြတ်ခဲ့ပါတယ်။ အိုအေအက်စ် အဖွဲ့ ကိုယ်စားလှယ်တွေဟာ စနေနေ့ညမှာ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ တွေ့ဆုံဆွေးနွေးပြီး မဲပေးခဲ့ကြတာပါ။

၁၉၆၂ခုနှစ်မှာ ကျူးဘားနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းပြီးနောက် ဒါဟာ အိုအေအက်စ်ရဲ့ ပထမဆုံး အဖွဲ့ဝင် နောက် တနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းခဲ့တာပါ။  ဆွေးနွေးပွဲကို အာဂျင်တီးနား သမ္မတ ခရစ်တီးနား ဖာနန်ဒက်စ် (Cristina Fernandez de Kirchner)၊ ပါရာဂွေး သမ္မတ ဖာနန်ဒို လူဂို (Fernando Lugo)တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ မစ္စတာ ဇေလာရာက သူဟာ တနင်္ဂနွေနေ့မှာ ဒီသမ္မတ ၂ဦးနဲ့အတူ လိုက်ပါပြီး သူ့ရဲ့ သမ္မတ တာဝန်ကို ပြန်ယူဖို့အတွက် ဟွန်ဒူးရပ်စ်ကို ပြန်မယ်လို့ ပြောပါတယ်။ အီဂွေဒေါ သမ္မတ ရာဖဲ ကိုရီယာ Rafael Correaလည်း တနင်္ဂနွေနေ့မှာ ၀ါရှင်တန်ကို လာဖို့ ရှိပါတယ်။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
သမ္မတ အိုဘားမား စင်ကာပူမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်  Audio Clip Available

  More From VOA
အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အတွက် မြန်မာစစ်အစိုးရကို ဒေါ်စု ကျေးဇူးတင်  Audio Clip Available
ဘာလင်တံတိုင်း ပြိုကျခြင်း နှစ်ပတ်လည် ဂျာမဏီ ကျင်းပ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်မယ်လို့ စစ်အစိုးရ အရာရှိတဦး ပြောဆို  Audio Clip Available
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာ ခရီးစဉ် ထွက်မည်  Audio Clip Available
ဝန်ကြီး ကလင်တန် ဥရောပ အာရှ ခရီးနှင်  Audio Clip Available
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ရင် ဂျပန် အကူအညီ ပိုပေးမည်  Audio Clip Available
စင်ကာပူမှာ အာရှ-ပစိဖိတ် ခေါင်းဆောင်များ အစည်းအဝေး စတင်  Audio Clip Available