VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မြန်မာနေရှင်နယ်လိဂ်ဖလားပွဲ ရတနာပုံ FC ဗိုလ်စွဲ

06 July 2009

 ဒီနေ့ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပပြုလုပ်တဲ့ မြန်မာနေရှင်နယ် လိဂ်ဖလား ဘောလုံးပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ မန္တလေး ရတနာပုံ FCအသင်းနဲ့ ရန်ကုန် ယူနိုက်တက် အသင်းတို့ အကြိတ်အနယ် ကစားခဲ့ ကြပါတယ်။ ပထမပိုင်းမှာ တဘက်တဂိုးနဲ့ ဒုတိယပိုင်းမှာလည်း တဘက် တဂိုးစီ ထပ်ပြီးတော့ မိနစ် ၉၀ ပြီးဆုံးတဲ့အထိ တဘက် ၂ဂိုးစီ ဖြစ်နေတာကြောင့် အချိန်ပို ၁၅မိနစ်စီ ကစားကြပါတယ်။ အချိန်ပို စုစုပေါင်း မိနစ် ၃၀မှာလည်း နောက်ထပ် ဂိုး မသွင်း နိုင်ကြတဲ့အတွက် ပင်နဲတီ ၅လုံးစီသွင်းပြီး ဆုံးဖြတ်တဲ့အခါမှာတော့ ရတနာပုံ အက်ဖ်စီအသင်းက ၄လုံးသွင်းပြီး ရန်ကုန် ယူနိုက်တက်ဘက်က ၁ဂိုးပဲ သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရတနာပုံ အက်ဖ်စီအသင်းက ရန်ကုန် ယူနိုက်တက်အသင်းကို စုစုပေါင်း ၆ဂိုး ၃ဂိုးနဲ့ အနိုင်ရရှိပြီး ပထမဆုံး မြန်မာ နေရှင်နယ်လိဂ်ဖလား အသစ်ကြီးကို ရယူသွားခဲ့ပါတယ်။

ဒီနေ့ ဘောလုံးပွဲ လက်မှတ်တွေကို အထူးတန်း လက်မှတ် ၁စောင် ၃ထောင်၊ အရှေ့ဘက်နဲ့ တောင်ဘက်၊ မြောက်ဘက် ပွဲကြည့်စင်အတွက် လက်မှတ် ၁၀၀၀နဲ့ ရောင်းချခဲ့ပြီးတော့ စုစုပေါင်းလက်မှတ် ၃၀၀၀ ပဲ ရောင်းခဲ့တာကြောင့် ဗိုလ်လုံးကွင်း ပြင်ပ မှာ လက်မှတ်ရသူများနဲ့ မရသူများကြား ခိုက်ရန်ဖြစ်ပွား အနည်းငယ်ရှိတယ်လို့ အားကစား ၀ါသနာရှင်များက ပြောပြကြ ပါတယ်။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ

  More From VOA
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available