VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဖြုတ်ချခံ ဟွန်ဒူးရပ်စ်သမ္မတ ပြည်တော်ပြန်ခွင့်မရ

06 July 2009

 ရာထူးကနေ့ ဖြုတ်ချခံထားရပြီး နိုင်ငံပြင် အတင်းပို့ထားခံရတဲ့ ဟွန်းဒူးရပ်စ် သမ္မတ မန်ညူရယ် ဇလေရာ စီးလာတဲ့ လေယာဉ်ဟာ ဟွန်ဒူးရပ်စ် နိုင်ငံမြို့တော် တီဂူစီဂလ်ပါ (Tegucigalpa) အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဆင်းသက်ခွင့်မရခဲ့လို့ နီကာရာဂွာ နိုင်ငံမှာ ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်ပြေးလမ်းပေါ်မှာ စစ်သားတွေက ပိတ်ဆို့ထားတယ်လို့ မစ္စတာ ဇလေရာက ပြည်တွင်းအသံလွှင့်ဌာန တယ်လီဇာကို တနင်္ဂနွေနေ့ နှောင်းပိုင်းက ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ဟွန်ဒူးရပ်စ် နိုင်ငံကို အမြန်ဆုံး ပြန်လာရဦးမှာပါလို့ ပြောပါတယ်။

လောလောဆယ်မှာ ဟွန်ဒူးရပ်စ် ကြားဖြတ်အစိုးရက ညမထွက်ရ အမိန့်ထုတ်ထားပါတယ်။ မစ္စတာ ဇလေရာရဲ့ လေယာဉ် လေဆိပ်ဆီ ရောက်မလာခင်မှာပဲ လေဆိပ်မှာ သူ့ကို  ထောက်ခံသူများနဲ့ လုံခြုံရေးတွေကြားမှာ ပဋိပက္ခဖြစ်ပြီး လူအနည်းဆုံး ၁ယောက် သေဆုံးခဲ့ပြီး တော်တော်များများ ဒဏ်ရာရသွားခဲ့ပါတယ်။ သေဆုံးသူဟာ လူငယ်လေး တယောက်ဖြစ်တယ်လို့ တွေ့မြင်လိုက်ရတဲ့ အယ်ဂျာဇီးရား ရုပ်မြင်သံကြားရဲ့ ကင်မရာရိုက်သူက ပြောပါတယ်။ မစ္စတာ ဇလေရာကို ထောက်ခံသူ ထောင်ပေါင်းများစွာဟာ သူ့ကို ကြိုဆိုကြဖို့ လေဆိပ်ကို ချီတက်သွားခဲ့ကြလို့ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင် အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရတာပါ။ မစ္စတာ ဇလေရာ ဟွန်ဒူးရပ်စ်ကို ခြေတလှမ်း ချလိုက်တာနဲ့ သူ့ကို ဖမ်းမှာပဲလို့ ကြားဖြတ်အစိုးရက သတိပေးထားတဲ့ကြားက သူ့စီးလာတဲ့ လေယာဉ်ကို ဆင်းသက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available

  More From VOA
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available