VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မော်စကို ထိပ်သီးညီလာခံ ထူးခြားတဲ့ တိုးတက်မှုတွေ ရှိဖို့ အိုဘားမားမျှော်လင့်

06 July 2009

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) သူ့ရဲ့ ရုရှားသို့ ပထမဆုံးခရီးအဖြစ် တနင်္လာနေ့က မော်စကို မြို့ကို ရောက်ရှိသွားပြီး မကြုံစဖူး တိုးတက်မှုများ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။

ရုရှားခေါင်းဆောင်များနဲ့ ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲ ကာလအတွင်း လက်နက်ထိန်းချုပ်ရေး စာချုပ်သစ်တရပ်အတွက် အခြေခံများကို ချမှတ်မယ်၊ နှစ်နိုင်ငံကြား ကွဲလွဲချက်ထက် တူညီချက်က ပိုများပါတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုပါ တယ်။

ကရင်မလင်နန်းတော်မှာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitri Medvedev) နဲ့ မတွေ့ဆုံခင် ဘရက်ခ် အိုဘားမားဟာ သမ္မတကတော် မစ်ရှဲလ် (Michelle Obama) နဲ့အတူ အညတရစစ်သည် ဂူဗိမာန်မှာ ပန်းခွေသွားချပါမယ်။

ဒီဇင်ဘာလမှာ သက်တမ်းကုန်ဆုံးတော့မယ့် ၁၉၉၁ ခုနှစ် မဟာဗျူဟာ လက်နက်လျှော့ချရေးစာချုပ်ရဲ့ နေရာမှာ စာချုပ် သစ် တရပ်နဲ့ အစားထိုးရေး သမ္မတ ၂ ဦး ဆွေးနွေးညှိနှိုင်းကြမှာပါ။ ရုရှားဘက်ကရော အမေရိကန်ဘက်ကရော အသာ ရရှိခြင်း မဟုတ်တဲ့ လက်နက်လျှော့ချရေး ပြုလုပ်သွားမယ်လို့ အမေရိကန် သမ္မတက ရုရှားရုပ်သံလွှင့်က ပြောဆိုပါတယ်။

လက်နက်လျှော့ချရေး အကြမ်းဖျင်းအားဖြင့် နှစ်ဘက် သဘောတူခဲ့ထားပြီး ဖြစ်တယ်လို့ တာဝန်ခံများကလည်း ပြောဆိုကြ ပါတယ်။


Download နားဆင်ရန်
နားဆင်ရန်  (MP3)
Listen to This Report နားဆင်ရန်
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ILO ကို ဒေသအာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက်မှု အားနည်း  Audio Clip Available

  More From VOA
ထိုင်းဝန်ကြီးချုပ်ဟောင်းကို လွှဲပေးဖို့ ကမ္ဘောဒီးယားကို ထိုင်း တောင်းခံမည်  Audio Clip Available
အငြင်းပွားဖွယ် ရေပိုင်နက်မှာ ကိုရီးယား နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်  Audio Clip Available
သမ္မတ အိုဘားမား စင်ကာပူမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမည်  Audio Clip Available
အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အတွက် မြန်မာစစ်အစိုးရကို ဒေါ်စု ကျေးဇူးတင်  Audio Clip Available
ဘာလင်တံတိုင်း ပြိုကျခြင်း နှစ်ပတ်လည် ဂျာမဏီ ကျင်းပ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် ပြန်လွှတ်မယ်လို့ စစ်အစိုးရ အရာရှိတဦး ပြောဆို  Audio Clip Available
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာ ခရီးစဉ် ထွက်မည်  Audio Clip Available