VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ် မငြိမ်သက်မှု

08 July 2009

လူပေါင်းရာကျော်သေဆုံးပြီး အဓိကရုဏ်းတွေ ဖြစ်ပွားနေတဲ့ ရှင်ဂျန်း(Xinjiang) ပြည်နယ်မှာ တရုတ် အာဏာပိုင်တွေက အစိုးရက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။ လူများစု ဟန် (Han) လူမျိုးတရုတ်တွေက လူနည်းစု မွတ်စလင်တွေဖြစ်တဲ့ ၀ီဂါ (Uighurs) တွေကို အလွန်အကျွံ ထိန်းချုပ်တာတွေကြောင့် အခုလို အကြမ်းဖက်တာတွေ ဖြစ်လာတာလို့ ပြောပါတယ်။

အဓိကရုဏ်းအတွင်း သူတို့မိသားစုဝင်များ မတရားအဖမ်းခံရတယ်ဆိုကာ ဝီဂါလူမျိုးထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြကြရာ အစိုးရရဲများက  ၀ီဂါ ၂၀၀ လောက်ကို ဖမ်းဆီးနှိပ်ကွပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရာဂဏန်းနဲ့ချီရှိတဲ့ ဟန်တရုတ်တွေက တုတ်တွေ၊ ဓားတွေ၊ ဓားမြှောင်တွေ စတဲ့လက်နက်များ ကိုင်ဆောင်ပြီး လမ်းများပေါ် ထွက်လာကြလို့ ရဲက မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲရပါတယ်။ ၀ီဂါတွေပိုင်တဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေကို ဟန်တရုတ်တွေက ဖျက်ဆီးပစ်လိုက်ပါတယ်။

တရုတ်အစိုးရရဲ့  ကိုင်တွယ်ဖြေရှင်းမှုကို ပြင်ပရောက် ဝီဂါ အတိုက်အခံများက ရှုတ်ချပြောဆိုပါတယ်။ 


Download သတင်း
နားဆင်ရန်  (WM)
Watch This Report သတင်း
ကြည့်ရှုရန်  (WM)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available

  More From VOA
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available