VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ယူနန်ငလျင် အိမ် ၁၀,၀၀၀ ကျော်ပြိုကျ

10 July 2009

မြန်မာနိုင်ငံနဲ့ ကပ်နေတဲ့ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကြာသပတေးနေ့က ပြင်းထန်တဲ့ မြေငလျင် လှုပ်ခတ်ခဲ့လို့ လူ ၃၀၀ ကျော် ဒဏ်ရာရသွားပါတယ်။

တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ်မှာ ၆.၀ ရစ်ခ်ျတာစကေးနဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အိမ်ပေါင်း ၁၀,၀၀၀ လောက် ပျက်စီးသွားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေလည်း လှုပ်ခတ်ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ကူမင်း (Kunming)၊ ရှူဂျောင်း (Chuxiong)၊ လီရှန်း (Lijiang)၊ ဒလီဘိုင် (Dali Bai) စတဲ့မြို့တွေအထိ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရပါတယ်။

ပြည်နယ်အစိုးရက ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသဆီကို ယာယီတဲပေါင်း ၄,၅၀၀ နဲ့ ခြုံစောင်ပေါင်း ၃,၀၀၀ ပေးပို့ထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် သွေးတိုးရောဂါ ခံစားနေရ  Audio Clip Available

  More From VOA
ဖိလစ်ပိုင် ငါးဖမ်းသမား ၁၄ ဦး အိမ်ပြန်နိုင်ရေး သံတမန်တွေ ကြိုးပမ်း  Audio Clip Available
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ မူးယစ်ဆေးတွေ ဖြန့်ဖြူးနေ  Audio Clip Available
ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း  Audio Clip Available
ဖိလစ်ပိုင် နိုင်ငံရေး သတ်ဖြတ်မှု သံသယရှိသူ အဖမ်းခံ  Audio Clip Available
ကျေးဇူးတော်နေ့ သမ္မတ အိမ်ဖြူတော်မှာ ကျင်းပ  Audio Clip Available
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available
ရာသီဥတုဆိုင်ရာ ကိုပင်ဟေဂင် ထိပ်သီး အစည်းအဝေး သမ္မတ အိုဘားမား တက်မည်  Audio Clip Available