VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အိုဘားမား အာဖရိက ပထမဆုံး ခရီးစဉ်အဖြစ် ဂါနာနိုင်ငံ ရောက်ရှိ

11 July 2009

အာဖရိကတိုက်နဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာရဲ့ အနာဂတ် အတွက် ဒီမိုကရေစီရေး အခွင့်အလမ်း၊ ကျန်းမာရေး နဲ့ ပဋိပက္ခ ဖြေရှင်းရေးတို့ အဓိက ကျတယ်လို့ သမ္မတ ဘရက် အိုဘားမားက ဂါနာ ပါလီမန် မှာ စနေနေ့က ပြောဆိုခဲ့ပါတယ်။

အက်ကရာ မြို့ ဂါနာ ပါလီမန်မှာ လွှတ်တော်အမတ်များ တခြား အရေးကြီး ပုဂ္ဂိုလ်များ အား မိန့်ကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက သူ့အစိုးရရဲ့ အာဖရိကတိုက် ဆိုင်ရာ မူဝါဒ သဘောထားများကို တင်ပြသွားပါတယ်။ ဂါနာ နဲ့ အမေရိကန်နိုင်ငံ တို့ရဲ့ မဟာမိတ်ဖြစ်ရေး အခြေခံ အပြန်အလှန် တာဝန်ယူရလိမ့်မယ်လို့လည်း သမ္မတ အိုဘားမား က ထောက်ပြသွား ပါတယ်။

 

အာဖရိကတိုက်မှာ ငှက်ဖျားရောဂါ၊ ပိုလီယို ရောဂါ၊ တီဘီ အဆုတ်နာ ရောဂါနဲ့ အေအိုင်ဒီအက်စ် ရောဂါများ တိုက်ဖျက်ရေး အတွက် သူ့အစိုးရက ဒေါ်လာ ၆၃ ဘီလီယံ ပေးသွားမယ်လို့လည်း သမ္မတ အိုဘားမား က ကတိပြု ပြောဆိုသွားပါတယ်။

အာဖရိကတိုက်ရဲ့ အနာဂတ်ဟာ အာဖရိကတိုက်သား များ အပေါ်မှာသာ မူတည်ပါတယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုသွားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available