VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ရှင်ဂျန်းမူစလင်များ အိမ်အပြင် မထွက်ရဲ

11 July 2009

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွေးမြေကျခဲ့ရတဲ့ အထိ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အနောက်မြောက် ပိုင်း ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် အူရုမ်းရှီး (Urumqi) မှာ ၀တ်စုံပြည့် လုံထိန်းရဲတွေ အပြည့်တင်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတာကြောင့် ဒေသခံ ၀ီဂါ မူစလင်တွေ အပြင်မထွက်ရဲဘဲ ဖြစ်နေ ပါတယ်။

တချို့ကတော့ သေဆုံးသွားတဲ့ သူတို့ရဲ့  ဆွေးမျိုးသားချင်းတွေ အတွက် ၀မ်းနည်းပူဆွေးနေကြသလို၊ တချို့က ပျောက်ဆုံး နေတဲ့ ဆွေးမျိုးတွေကို လိုက်ရှာနေကြပါတယ်။ ရှင်ဂျန်းက ၀ီဂါမူဆလင်နဲ့ ဟန် တရုတ်လူမျိုးတို့ အကြား အဓိကရုဏ်းမှာ သေဆုံးသူဦးရေ ၁၅၇ ဦးကနေ ၁၈၄ ဦး ရှိခဲ့တယ်လို့ တရုတ်အစိုးရက တရားဝင် ကြေညာခဲ့ပြီးနောက် မနေ့က မြို့တော် အူရုမ်းရှီး မှာ လုံခြုံရေးတွေ အလုံးအရင်း နဲ့ အထပ်ထပ် ချထားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအားလုံး ၁၈၄ ဦးထဲက ၁၃၇ ဦးဟာ ဟန်တရုတ်လူမျိုးတွေဖြစ်ပြီး၊ ကျန်တာကသာ ၀ီဂါ မူစလင်တွေ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ အူရုမ်းရှီး မြို့တော်က လမ်းမတွေပေါ်က ၀ီဂါတွေနဲ့ အဝေးရောက် ၀ီဂါ အရေး လှုပ်ရှားသူ တွေ ကတော့ တရုတ်အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စောဒက တက်နေကြပါတယ်။ တရုတ်အစိုးရပြောတာထက် ၀ီဂါမူစလင်တွေ အများကြီး သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၅ ရက်မှာ ၀ီဂါ မူစလင်တွေက ဟန်တရုတ်လူမျိုးတွေကို အရင် ရန်စတာကြောင့် ရုန်းရင်း ဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ဟန်တရုတ်လူမျိုးတွေက ၀ီဂါတွေကို ပြန် ကလဲ့စားချေခဲ့တာ ဖြစ်ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ

  More From VOA
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available