VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့မှု မတားဆီးနိုင်

14 July 2009

ကမ္ဘာ့ကူးစက်ကပ်ရောဂါ ဖြစ်နေတဲ့ H1N1 အမျိုးအစား ဝက်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားမှုကို တားဆီးလို့ မရနိုင်တော့ဘဲ နိုင်ငံတိုင်း မှာ ရောဂါကာကွယ်ဆေးတွေ လိုအပ်နေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထိပ်တန်း တာဝန်ရှိသူ တယောက်က ပြောကြားလိုက်ပါတယ်။

ရောဂါကူးစက်ပြန့်ပွားချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ အရင် ကာကွယ်ဆေး ထိုးထားသင့်တယ်လို့ WHO ကာကွယ်ဆေး သုတေသနဌာန အကြီးအကဲက ပြောလိုက်ပါတယ်။

ဘယ်သူ့ကို ကာကွယ်ဆေး ထိုးပေးရမလဲဆိုတာကို သက်ဆိုင်သူတွေက ဆုံးဖြတ်ပေးရမယ်လို့လည်း သူက ပြောပါတယ်။ ဝက်တုပ်ကွေးဖြစ်ပွားမှု အများစုဟာ ရောဂါမပြင်းထန်သလို လူနာတွေအနေနဲ့ ဆေးရုံသွားစရာ မလိုပါဘူး။ ဒါပေမဲ့ တချို့ အခြေအနေတွေမှာ ဗိုင်းရပ်စ်ပိုးဟာ ပြင်းထန်လာနိုင်ပါတယ်။

ရင်ကျပ်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်တွေလိုမျိုး ကျန်းမာရေး အတိမ်းအစောင်း မခံနိုင်တဲ့သူမျိုးမှာ ကူးစက်ရင်တော့ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ အဝလွန်တဲ့သူတွေမှာ ကူးစက်ရင် ပိုပြီး စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့ သုတေသနတွေက တွေ့ရှိပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အင်ဒိုနီးရှား ကူးတို့သင်္ဘော တိမ်းမှောက် ၂၅ ဦး သေဆုံး  Audio Clip Available

  More From VOA
တရုတ်၊ မြန်မာ နယ်စပ် ရထားလမ်း ဖောက်မည်  Audio Clip Available
နျူကလီးယားစက်ရုံတွေ ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်  Audio Clip Available
ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ  Audio Clip Available
နိုင်ငံတကာပြစ်မှုဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့အရေးဆွေးနွေး  Audio Clip Available
တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၄၀ ကျော် သေ  Audio Clip Available
အီရန် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှု ကုလ ရှုတ်ချ  Audio Clip Available
ကလေးအခွင့်အရေး ကုလစာချုပ်အနှစ်(၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ  Audio Clip Available