VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
လိုင်ဘေးရီးယား သမ္မတဟောင်းကို စစ်ရာဇ၀တ်ခုံရုံး စတင်စစ်ဆေး

14 July 2009

ယခင် လိုင်ဘေးရီးယား သမ္မတ ချားလ်စ် တေလာ ဟာ နယ်သာလန်နိုင်ငံ The Hague မြို့ နိုင်ငံတကာ စစ်ရာဇ၀တ်ခုံရုံးမှာ ပထမဆုံး အစစ်ခံရင်း သူ့ရဲ့ အမှုဟာ လိမ်ညာမှုများအပေါ်မှာ အခြေခံထားတယ်လို့ ထွက်ဆိုသွားပါတယ်။ ၂၀၀၂ ခုနှစ်က ပြီးဆုံးသွားတဲ့ အိမ်နီးနားချင်း ဆီရာလီယွန် နိုင်ငံက သွေးချောင်းစီးခဲ့တဲ့ ပြည်တွင်းစစ်မှာ သူ ပါဝင်ခဲ့တယ် ဆိုတဲ့ မမှန်ကန်တဲ့ သတင်းအချက်အလက်များနဲ့ ကောလာဟလ များကို အခြေခံထားတဲ့အတွက် သူ့အပေါ် စွဲထားတဲ့အမှုဟာ ယုံကြည်ကိုးစားလောက်မှု မရှိဘဲ အလွန်အမင်း ကံမကောင်း အကြောင်းမလှ ဖြစ်ရတယ်လို့ မစ္စတာ တေလာ က ရုံးတော်ကို ပြောကြားလိုက်ပါတယ်။

သူ တသက်လုံး မှန်တယ်လို့ ယုံကြည်တဲ့အတိုင်း တိုက်ပွဲဝင်ခဲ့ကြောင်း သူ့သားသမီး ၁၄ ယောက်ကို ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဆီရာလီယွန် နိုင်ငံမှာ သွေးစွန်းနေတဲ့ စိန်တွေနဲ့ လက်နက်များ လဲလှယ်ပြီး တော်လှန်ရေးတပ်ဦးကို ထောက်ခံခဲ့တယ်လို့ အသက် ၆၄ နှစ်အရွယ်ရှိ လိုင်ဘေးရီးယား သမ္မတ ဟောင်း စွပ်စွဲခံနေရတာပါ။ အဲဒီစိန်တွေ ဆီရာလီယွန် နိုင်ငံက ခိုးထုတ်ခဲ့တယ် ဆိုတာဟာ လိမ်ညာမှု သက်သက်မျှသာ ဖြစ်တယ်လို့လည်း မစ္စတာ တေလာ က ရှင်းလင်းပြောဆိုပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ညီညီအောင် ၀ါရှင်တန် ပြန်လည်ရောက်ရှိ  Audio Clip Available

  More From VOA
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်  Audio Clip Available
ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ  Audio Clip Available
ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြသူတွေ နယူးဒေလီမှာ ဖမ်းဆီးခံရ  Audio Clip Available
ညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို  Audio Clip Available
သမ္မတ အိုဘားမား အင်ဒိုနီးရှား ခရီးစဉ် ရွှေ့ဆိုင်း  Audio Clip Available
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ  Audio Clip Available
ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ  Audio Clip Available
ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်  Audio Clip Available
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း  Audio Clip Available
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း  Audio Clip Available