VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဝန်ကြီးကလင်တန် အာရှခရီးမထွက်မီ နိုင်ငံခြားရေးပေါ်လစီ မိန့်ခွန်း ပြောမည်

15 July 2009

အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ကို မထွက်ခွာမီ တရက်အလို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မိန့်ခွန်းကို ၀ါရှင်တန်ဒီစီမှာ ပြောဖို့ရှိပါတယ်။ ဒါဟာ ဂျွန်လအတွင်း တံတောင်ဆစ် မှာ ဒဏ်ရာရပြီးနောက်ပိုင်း ပထမဆုံးသွားမယ့် နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။ မစ္စက် ကလင်တန်ဟာ သောကြာနေ့မှာ အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ကို ရောက်ရှိမှာဖြစ်ပြီး မနှစ်က မွန်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေ အတွက် အမှတ်ရ အောက်မေ့ဖွယ် အခမ်းအနားကို တက်မယ့်အကြောင်း နိုင်ငံခြားဝန်ကြီးဌာနရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် အီရန် ကလေ က ပြောပါတယ်။

တနင်္ဂနွေနေ့မှာတော့ နယူးဒေလီကို သွားပြီးတော့ နှစ်နိုင်ငံ ဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပါလိမ့်မယ်။ နောက်တပတ် အင်္ဂါနေ့ ဂျူလိုင်လ ၂၁ရက်နေ့မှာတော့ မစ္စက် ကလင်တန်ဟာ ထိုင်းနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး ၀န်ကြီးချုပ် အဘီဆစ် ၀က်ချာချီဝ အပါအ၀င် တခြား ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပါလိမ့်မယ်။ ဒီနောက်မှာတော့ ဖူးကက်မြို့မှာ ကျင်းပမယ့် အာစီယံ ၀န်ကြီးအဆင့် ဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ ဖူးကက်မှာ ပြုလုပ်မယ့် အာဆီယံ ၀န်ကြီးအဆင့် အစည်းအဝေးအတွင်း ဒေသတွင်း စီးပွားရေးကိစ္စ၊ ၀က်တုပ်ကွေးရောဂါ ပူးတွဲ တိုက်ဖျက်ရေး ကိစ္စတွေ အပါအ၀င် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးသွားလိမ့်မယ်လို့ ဆိုပါတယ်။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available