VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အန်ဒဲဗား အကာသယဉ် ပစ်လွှတ်ဖြစ်ပြီ

16 July 2009

 ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ၅ ကြိမ်အထိ ပစ်လွှတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ အမေရိကန်လွန်းပျံယာဉ် အန်ဒါဗာ (Endeavour) ကို အခု နိုင်ငံတကာ အာကာသ စခန်းဆီကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီလို့ အမေရိကန် အာကာသ အေဂျင်စီ NASA က ဆိုပါတယ်။

ဒီ လွန်းပျံယာဉ်ကို အမေရိကန် အရှေ့တောင်ပိုင်းပြည်နယ် Florida မှာရှိတဲ့ Kennedy အာကာသစင်တာ ကနေ ဗုဒ္ဓဟူးနေ့က လွှတ်တင်ခဲ့တာပါ။ ဒီလွန်းပျံယာဉ်ထဲမှာ အာကာသမှူး ၇ ယောက် လိုက်ပါသွားခဲ့ပြီး ဂျပန်လို Kibo၊ ဒါမှမဟုတ် “မျှော်လင့်ချက်”  လို့ နာမည်ပေးထားတဲ့ ဂျပန် သိပ္ပံဓါတ်ခွဲခန်း တခုမှာ နောက်ထပ် အစိတ်အပိုင်းတခု ထပ်ပြီး တပ်ဆင်ဖို့ အတွက် အာကာသစခန်းဆီ သူတို့ ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။

သူတို့ဟာ အာကာသပေါ်မှာ သီတင်း ၂ ပတ်ကျော် လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ သူတို့လုပ်ရမယ့် တာဝန်တွေထဲမှာ တခု ကတော့ အာကာသ လဟာပြင်နဲ့ ထိတွေ့ဖို့လိုတဲ့ စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ကီဘို ဓာတ်ခွဲခန်း အပြင်ဘက်မှာ ပလက်ဖောင်း တခု လုပ်ဖို့ ဖြစ်ပါတယ်။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အင်ဒိုနီးရှား ကူးတို့သင်္ဘော တိမ်းမှောက် ၂၅ ဦး သေဆုံး  Audio Clip Available

  More From VOA
တရုတ်၊ မြန်မာ နယ်စပ် ရထားလမ်း ဖောက်မည်  Audio Clip Available
နျူကလီးယားစက်ရုံတွေ ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်  Audio Clip Available
ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ  Audio Clip Available
နိုင်ငံတကာပြစ်မှုဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့အရေးဆွေးနွေး  Audio Clip Available
တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၄၀ ကျော် သေ  Audio Clip Available
အီရန် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှု ကုလ ရှုတ်ချ  Audio Clip Available
ကလေးအခွင့်အရေး ကုလစာချုပ်အနှစ်(၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ  Audio Clip Available