VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အီရန် နျူကလီးယား အေဂျင်စီ အကြီးအကဲ နှုတ်ထွက်

16 July 2009

အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့ (IAEO) ရဲ့ အကြီးအကဲ ဂိုလမ်းရီဇာ အက်ကာဇာဒေး (Gholamreza Aqazadeh) ဟာ အကြောင်းပြချက် တစုံတရာ မပြောဆိုဘဲ ကြာသပတေးနေ့မှာ ရာထူးက နှုတ်ထွက်သွားတယ်လို့ အီရန်သတင်းဌာန အစ္စနာမှာ ဖော်ပြထားပါတယ်။

သူဟာ ဒု-သမ္မတရာထူးကိုလည်း ပူးတွဲယူထားသူ ဖြစ်တာမို့ သမ္မတ မာမွတ်ဒ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) ရဲ့ ဒု-သမ္မတရာထူးကနေလည်း နုတ်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ နှုတ်ထွက်စာကို လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်း က တင်ထားတာဖြစ်ပြီး သမ္မတ အမာဒီနီဂျက်ဒ်ကလည်း အဲဒီနုတ်ထွက်လွှာကို လက်ခံခဲ့တယ်လို့ မစ္စတာ အက်ကာဇာဒေး ရဲ့ ပြောကြားချက်ကို ကိုးကားပြီး အီရန် အစ္စနာသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

သူဟာ သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားခဲ့သူ မီယာ ဟူစိန် မူဆာဗီ (Mirhossein Mousavi) နဲ့ ဆက်နွယ် ပတ်သက်နေသူတဦး ဖြစ်ပါတယ်။

အီရန်အစိုးရရဲ့ နျူကလီးယား လုပ်ဆောင်မှုတွေကို မစ္စတာ အက်ကာဇာဒေးက ဦးစီးဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အီရန်နိုင်ငံ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်ဖို့ ကြိုးစားလာမှာကို စိုးရိမ်နေကြ တာဖြစ်ပြီး အီရန်ကတော့ သူတို့ဟာ အရပ်သားတွေအတွက် ငြိမ်းချမ်းတဲ့ အသုံးပြုမှုတွေ လုပ်ဖို့ပဲ ရည်ရွယ်တာလို့ ဆိုပါ တယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်  Audio Clip Available

  More From VOA
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်  Audio Clip Available
အာဖဂန်မဟာဗျူဟာ အိုဘားမား မကြာမီ ကြေညာမည်  Audio Clip Available
သမ္မတ အိုဘားမား ရှေ့နှစ် အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီး သွားမည်  Audio Clip Available
နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို  Audio Clip Available
အိန္ဒိယ ၀န်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆမတ် ကွယ်လွန်  Audio Clip Available
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available