VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဆေးဝါးမလုံလောက်လို့ သြစတြေးလျနိုင်ငံက ၀က်တုပ်ကွေး ကူးစက်သူ ၆,၀၀၀ အထိ သေဆုံးနိုင်

16 July 2009

A H1N1 ၀က်တုပ်ကွေး ရောဂါပိုးအတွက် ကာကွယ်ဆေးတွေ၊ ဆက်လက်မပြန့်ပွားအောင် ဟန့်တားနိုင်တဲ့ဆေးတွေ မတီထွင်နိုင်ဘူးဆိုရင် သြစတြေးလျနိုင်ငံသား ၆,၀၀၀ လောက် သေဆုံးနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သြစတြေးလျ ကျန်းမာရေးဝန်ကြီးက သတိပေးထားပါတယ်။

သြစတြေးလျ ကျန်းမာရေးဝန်ကြီး နစ်ကိုလာ ရော့က်စ်ဆန် (Nicola Roxon) က ဒီကနေ့ အေဘီစီ သြစတြေးလျ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ၀က်တုပ်ကွေးရောဂါကို အဆိုးရွားဆုံး ရောဂါလက္ခဏာ အခြေအနေအဖြစ် ပြောဆိုခဲ့ပါတယ်။

သြစတြေးလျ အစိုးရအနေနဲ့ ဒီလို အဆိုးရွားဆုံး အခြေအနေကို မရောက်အောင် အောက်တိုဘာလကစပြီး ရောဂါကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်အောင် စီမံဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အာရှ-ပစိဖိတ်ဒေသက သြစတြေးလျနိုင်ငံမှာ ၀က်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်ပြီး ရောဂါကူးစက်သူ ၁၁,၀၀၀ ကျော်မှာ သေဆုံးသူ ၂၂ ဦး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာတော့ ၀က်တုပ်ကွေးရောဂါ ဖြစ်ပွားသူ နောက်ထပ်တယောက် တွေ့ခဲ့တယ်လို့ မြန်မာအစိုးရ သတင်းဌာနမှာ ဖော်ပြထားပြီး သူဟာ ထိုင်းနိုင်ငံက ပြန်လာတဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသား ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူဟာ တတိယမြောက် ၀က်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ဖြစ်ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အင်ဒိုနီးရှား ကူးတို့သင်္ဘော တိမ်းမှောက် ၂၅ ဦး သေဆုံး  Audio Clip Available

  More From VOA
တရုတ်၊ မြန်မာ နယ်စပ် ရထားလမ်း ဖောက်မည်  Audio Clip Available
နျူကလီးယားစက်ရုံတွေ ကာကွယ်ရေး အီရန် စစ်ရေးလေ့ကျင့်  Audio Clip Available
ပညာသင်စရိတ် တိုးမြှင့်မှု ကယ်လီဖိုနီးယားပြည်နယ် တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ  Audio Clip Available
နိုင်ငံတကာပြစ်မှုဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာ မြန်မာ့အရေးဆွေးနွေး  Audio Clip Available
တရုတ်ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၄၀ ကျော် သေ  Audio Clip Available
အီရန် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှု ကုလ ရှုတ်ချ  Audio Clip Available
ကလေးအခွင့်အရေး ကုလစာချုပ်အနှစ်(၂၀) ပြည့် အထိမ်းအမှတ် ဆင်နွှဲ  Audio Clip Available