VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဗြိတိန်က ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ကွယ်လွန်

18 July 2009

Britain oldest living World War 1 veteran Henry William Allingham, Friday, June 13, 2008.AP
ကွယ်လွန်သွားသည့် ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ဟင်နရီ အယ်လင်ဂမ်။
ဇွန် ၁၃၊ ၂၀၀၈။
ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား၊ ပထမကမ္ဘာစစ် ဗြိတိသျှ စစ်မှုထမ်းဟောင်း ဟင်နရီ အယ်လင်ဂမ် (Henry Allingham) ဟာ အသက် ၁၁၃ နှစ်အရွယ် ဒီနေ့ အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းက သက်ကြီးဂေဟာမှာ ကွယ်လွန်သွားပါပြီ။ ဘုရင့်လေတပ်မတော် ဗုံးကြဲလေယာဉ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သားသမီး မြေးမြစ် တီ ကျွတ် ၃၀ ကျော် ကျန်ခဲ့ပါတယ်။

စီးကရက်၊ ၀ီစကီအရက်နဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မိန်းမများကြောင့် သူ အသက်ရှည်ခဲ့ရတာလို့ ရာစု ၃ စု၊ ဘုရင်၊ ဘုရင်မ ၆ ပါးနဲ့ ကမ္ဘာစစ်ကြီး ၂ ခုကို ဖြတ်သန်းခဲ့သူ ဖိုးသက်ရှည်ကြီးက ပြောလေ့ရှိပါတယ်။

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး ဂါ့တ်ရုဒ် ဘန်းစ် (Gertrude Baines) ကတော့ အသက် ၁၁၅ နှစ်အရွယ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မနက် ကွယ်လွန်သွားတဲ့ အင်္ဂလန်နိုင်ငံက ဖိုးသက်ရှည်ကြီးကို ဂုဏ်ပြုကြတဲ့ အထဲမှာ ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘက် (Elizabeth) နဲ့ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) တို့လည်း ပါဝင်ပါတယ်။

မနှစ်က အိန္ဒိယနိုင်ငံမှာ ကွယ်လွန်သွားသူ ဟက်ဘစ် မီရန်း (Habib Mian) က အသက် ၁၃၈ နှစ်ရှိတယ်လို့ ဆိုပေမယ့် သူ့ရဲ့မွေးနေ့ကို အတည်ပြုချက် မရတာနဲ့ Guiness Book ခေါ် ကမ္ဘာ့မှတ်တမ်းထဲမှာ စာရင်းမ၀င် ဖြစ်ခဲ့ရပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ  Audio Clip Available

  More From VOA
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ  Audio Clip Available
ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်  Audio Clip Available
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း  Audio Clip Available
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း  Audio Clip Available
NLD မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား  Audio Clip Available
ထိုင်းဝန်ကြီးချုပ်နေအိမ် ရှပ်နီ ဆန္ဒပြသူများ သွေးအိတ်တွေနဲ့ ပစ်ပေါက်  Audio Clip Available
မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း  Audio Clip Available
မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့ NLD မျှော်လင့်  Audio Clip Available
နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ၀င်ပြိုင်ချင်သူတွေ အတွက်လည်း မပြည့်စုံသေး  Audio Clip Available