VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အီရန်အတိုက်အခံတွေကို ရုံးတင်ဖို့ တော်လှန်ရေးတပ် တောင်းဆို

10 August 2009

အီရန်သမ္မတ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းပြည်အောင် မငြိမ်မသက်ဖြစ်အောင်လုပ်ခဲ့သူ အတိုက်အခံခေါင်းဆောင်တွေကို ရုံးတင်စစ်ဆေးသင့်တယ်လို့ Revolutionary Guard တပ်ရဲ့ ထိပ်တန်းအရာရှိတယောက်က ပြောပါတယ်။ သမ္မတဟောင်း မိုဟာမက် ဟာဒမီ၊ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မီယာဟူစိန် မူဆာဘီနဲ့ မက်ဒီ ကာရိုဘီတို့က ဆန္ဒပြပွဲတွေ ဖြစ်အောင် အဓိက စီစဉ်ခဲ့ကြသူတွေဖြစ်တယ်လို့ ရဒူလာ ဂျဘန်းနီး က ပြောပါတယ်။ သူတို့ကို အစိုးရအနေနဲ့ ဖမ်းဆီးစွဲချက်တင် အရေးယူသင့်တယ်လို့ ဂျာဘန်းနီးက ပြောတာပါ။ ဂျွန်လ ၁၂ရက်နေ့တုံးက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတ မာမွတ် အမာဒီနီဂျက် ပြန်လည်အနိုင်ရရှိခဲ့တဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြခဲ့သူ အတိုက်အခံ လှုပ်ရှားသူတွေနဲ့ ဆန္ဒပြ ပြည်သူတွေကို အီရန်အာဏာပိုင်တွေက ဖမ်းဆီးတာတွေလုပ်ခဲ့လို့ ထောင်ပေါင်းများစွာ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရသူတချို့ကို ပြီးခဲ့တဲ့ ၁၀ရက်ကစပြီး တရားရုံးမှာ အစုလိုက်အပြုံလိုက် အမှုစစ်ဆေးမှုတွေ လုပ်နေပါတယ်။ လူတွေကို စုပေါင်းပြီး စစ်ဆေးနေတဲ့ တရားခွင်ဟာ ဟန်ပြ တရားခွင် ဖြစ်တယ်လို့ တနင်္ဂနွေနေ့ ရုပ်မြင်သံကြားမေးမြန်းခန်းတခုမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် က ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီး၊နှိမ်နင်းမှုတွေလုပ်တာကို ကြည့်ခြင်းဖြင့် အီရန် ခေါင်းဆောင်တွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်ကြောက်နေတယ်ဆိုတာကို ပြသနေတာလို့ ၀န်ကြီး ကလင်တန်က ပြောပါတယ်။


Download အပြည့်အစုံ
နားဆင်ရန်  (MP3)
Listen to This Report အပြည့်အစုံ
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို  Audio Clip Available

  More From VOA
သမ္မတ အိုဘားမား အင်ဒိုနီးရှား ခရီးစဉ် ရွှေ့ဆိုင်း  Audio Clip Available
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေး ဖိလစ်ပိုင် တောင်းဆိုချက် စစ်အစိုးရ လက်မခံ  Audio Clip Available
ကိုညီညီအောင် မမျှော်လင့်ဘဲ လွတ်မြောက်လာ  Audio Clip Available
ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်  Audio Clip Available
မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ခုံရုံးဖွဲ့စစ်ဆေးရေး လက်တွေ့ဖော်ဆောင်ဖို့ HRW တိုက်တွန်း  Audio Clip Available
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး UNA ကုလကို တိုက်တွန်း  Audio Clip Available
NLD မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား  Audio Clip Available
ထိုင်းဝန်ကြီးချုပ်နေအိမ် ရှပ်နီ ဆန္ဒပြသူများ သွေးအိတ်တွေနဲ့ ပစ်ပေါက်  Audio Clip Available
မြန်မာ ရွေးကောက်ပွဲ ဥပဒေသစ် ကုလမှာ အရေးပေါ်ဆွေးနွေးဖို့ ဗြိတိန် တိုက်တွန်း  Audio Clip Available