VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
သွားဖုံးရောဂါနဲ့ ဦးခေါင်း လည်ချောင်း ကင်ဆာ ဆက်နွယ်

08 October 2009

Periodontitis is a chronic inflammatory disease that affects the gums and bone supporting the teeth
Periodontitis is a chronic inflammatory disease that affects the gums and bone supporting the teeth
အောက်တိုဘာ ၇၊ ၂၀၀၉။ လူတိုင်းဟာ အပြုံးလှ ပိုင်ရှင်ဖြစ်လိုပါတယ်။ ဒါကြောင့် နေ့စဉ် ညစဉ် သွားတိုက်ပြီး သွားဂရုစိုက်ကြပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေးဟာ သွားတိုက်ရုံတခုတည်းနဲ့ မပြီးပါဘူး။ သွားနဲ့ သွားဖုံးကို အသေအချာ ဂရုတစိုက် သန့်စင်ဖို့လိုပါတယ်။ 

ခံတွင်း မသန့်ရှင်းတာကြောင့် ကိုယ့်အတွက် အသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့ အခြားကျန်းမာရေး ထိခိုက်မှုတွေရှိတာကြောင့် ခံတွင်း သန့်ရှင်းရေးဂရုစိုက်တာဟာ သွားနဲ့ခံတွင်းအတွက်တင်မဟုတ်ပဲ မိမိ အသက်အန္တရာယ်ကိုပါ ကာကွယ်ခြင်းဖြစ်တယ်လို့ သုတေသနပြုချက်အသစ် ရလဒ်တွေက ဖော်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ သွားဖုံးရောဂါဟာ ကင်ဆာရောဂါတွေနဲ့ပါ ဆက်နွယ်နေတယ်ဆိုတာ လေ့လာတွေ့ရှိခဲ့တာကြောင့်ပါ။ 

တကယ်တော့ ခံတွင်းထဲမှာ ဘတ်တီးရီးယားပိုးတွေ အပြည့်ရှိပါတယ်။ ဒီ ဘတ်တီးရီယားပိုးတွေဟာ သွားဖုံးနဲ့ သွားရဲ့ အက်ကြောင်းနေရာ ကျဉ်းကျဉ်းလေးတွေထဲ ခိုအောင်းနေပါတယ်။ ဒါကြောင့် ဒီပိုးတွေကို ပုံမှန် ရှင်းလင်းတာမရှိရင် ဘတ်တီးရီယားကြောင့် ခံတွင်းမှာ ရောဂါရပါတယ်။ သွားဖုံးထဲက အရိုးနဲ့ သွားပတ်ပတ်လည်က တစ်သျှူးအသားနုစတွေကို ပျက်စီးစေပါတယ်။ 

ဒီလို Gum Disease သွားဖုံးရောဂါ ပြင်းထန်တဲ့လူမျိုးတွေမှာ ကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများတာတွေ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု Buffalo တက္ကသိုလ် သွားဖက်ဆိုင်ရာ ဆေးပညာရပ်ဌာနရဲ့ သုတေသနပြုချက်အချို့မှာ တွေ့ရပါတယ်။ ဦးခေါင်းနဲ့လည်ချောင်းပိုင်းဖြစ်တဲ့ ကင်ဆာရောဂါတွေနဲ့ သွားဖုံးရောဂါ ဆက်နွယ်တယ်ဆိုတဲ့ ရလဒ်တွေ့ခဲ့ရတာပါ။ 

အရင် လေ့လာချက်တွေမှာလည်း သွားဖုံးရောဂါနဲ့ နှလုံးရောဂါ ဆီးချိုရောဂါ ဆက်စပ်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရဖူးပါတယ်။ 

ဒါကြောင့် နေ့စဉ်သွားတိုက်နေရုံနဲ့ ခံတွင်းသန့်ရှင်းရေးမလုံလောက်ပါဘူး။ သွားကို နေ့စဉ်နှစ်ကြိမ်တိုက်တာအပြင် သွားနဲ့ ခံတွင်းကြား ညှပ်နေတတ်တဲ့ အစာဟောင်းတွေကိုထုတ်ဖို့ သွားဖုံးပွတ်ကြိုးအသုံးပြုတာ ပုံမှန်သွားဆရာဝန်နဲ့တွေ့ဆုံကုသတာမျိုးတွေ လုပ်ဖို့လိုပါတယ်။ အထူးသဖြင့် သွားတိုက်တဲ့အခါ သွားဖုံးက သွေးထွက်တာ သွားဖုံးယောင်တာမျိုးတွေရှိလာရင် အထူးသတိပြုရပါမယ်။ 

သွားဖုံးရောဂါနဲ့ ကင်ဆာဖြစ်ပွားမှု ဆက်နွယ်နေတယ်ဆိုတဲ့ နောက်ဆုံးတွေ့ရှိချက်ကို အခြေခံပြီး သွားဖုံးရောဂါအကြောင်း အခု အပတ်ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။ နားဆင်နိုင်ပါတယ်။



Download သားညွန့်ဦး
နားဆင်ရန်  (MP3)
Listen to This Report သားညွန့်ဦး
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available