VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ရုရှား လူ့အခွင့်အရေး ချိုးဖောက်မှု ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်

15 October 2009

ရုရှားနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေးရှုနေတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပေမဲ့ သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို နှိပ်ကွပ် တိုက်ခိုက်နေတာတွေဟာ ဒီတိုးတက်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး ကလင်တန်က သူ့ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးနေ့ မော်စကိုက တက္ကသိုလ် ကျောင်းသားတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားပြည်သူတွေ အနေနဲ့ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို လွတ်လွတ်လပ်လပ် စိန်ခေါ်ခွင့် ရှိသင့်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ အင်္ဂါနေ့ တွေ့ဆုံခဲ့တုန်းက သတင်းထောက်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ မော်စကို ရေဒီယို သတင်းဌာန တွေ့ဆုံခန်းမှာ ပြောပါတယ်။

မနေ့က ၀ါရှင်တန်ကို မပြန်ခင် တာဂျစ်ကစ္စတန်နိုင်ငံမှာ ခရီးတထောက် နားခဲ့ပါတယ်။ ဒီနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကိုရော၊ မွတ်စလင် ဗလီဝတ်ကျောင်းကိုပါ သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနိုင်ငံဟာ မတူကွဲပြားတဲ့ ဘာသာတွေအကြား အပြန်အလှန် နားလည် သည်းခံမှုရှိတဲ့ စံပြ နမူနာနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available