VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဆင်ခြေထောက်ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာအစီအစဉ်

15 October 2009

Microscopic view of Elephantiasis Worm
Microscopic view of Elephantiasis Worm
အောက်တိုဘာ ၁၄၊ ၂၀၀၉။ ကမ္ဘာအ၀ှမ်းမှာ ဆင်ခြေထောက်ရောဂါပိုး ကူးစက်ခံရ သူ သန်း၁၂၀ကျော်ရှိပြီး၊ ဒီအထဲ လူဦးရည် သန်း ၄၀ဟာ ရောဂါကြောင့် ခန္ဓာကိုယ် ပုံပျက်ပန်းပျက် မသန်မစွမ်းဖြစ်ခဲ့ရပါတယ်။ လူဦးရေ နောက်ထပ် သန်းတထောင် ဟာလည်း ရောဂါပိုး ကူးစက်နိုင်ချေ အလားအလာ ရင်ဆိုင်နေရပါတယ်။

Elephantiasis လို့ခေါ်တဲ့ အများသိကြတဲ့ ဆင်ခြေထောက်ရောဂါဆေး အသုံးအနှုန်း ကတော့  Lymphatic Filariasis ခေါ်ပါတယ်။ ဒီရောဂါပိုးဟာ ကမ္ဘာပေါ်မှာ ဆင်းရဲ မွဲတေပြီးတော့ လူထုကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ အာဖရိကတိုက်နဲ့ အာရှတိုက်ဒေသတွေမှာ ကူးစက်ပျံ့နှံ့နေပါတယ်။ လူရဲ့ ပြန်ရေကြောစံနစ်ကို ကူးစက် ပျံ့နှံတဲ့ ဒီကပ်ပါးပိုးကြောင့်၊ ခြေလက်နဲ့ အခြာခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး မသန်မစွမ်း ဖြစ်ကြရပါတယ်။

ဒီရောဂါဟာ မြန်မာနိုင်ငံအပါအ၀င် အပူပိုင်းဒေသ တိုင်းပြည် ၈၃ နိုင်ငံမှာ အထူး ကူးစက်ပျံနှံနေပါတယ်။ ဆင်ခြေထောက်ရောဂါတိုက်ဖျက်ရေး Global Alliance အဖွဲ့ကြီးအနေနဲ့ ၂၀၂၀ ခုနှစ်မှာ လုံးဝ အမြစ်ပြတ်ရေး ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့ ၉နှစ်ကတည်းက ရည်ရွယ် ဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့ဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင် GlazosmithKline နဲ့ Merck လို အဓိက ဆေးကုမ္ပဏီကြီးတွေနဲ့လည်း အတူတကွ လက်တွဲ ဆောင်ရွက်နေတာပါ။

ဆင်ခြေထောက်ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာလှုပ်ရှားမှုတွေ  အရှိန်မြှင့်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ လန်ဒန်မြို့ကနေ ဗွီအိုအေ သတင်းထောက် Rachel Smalley ရေးသားပေးပို့တဲ့ သတင်းကို အခုအပတ် ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ နားဆင်ကြည့်ပါ။



Download သားညွန့်ဦး
နားဆင်ရန်  (MP3)
Listen to This Report သားညွန့်ဦး
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available