မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ကိုယ်စားလှယ်တို့ အခုတလော တွေ့ဆုံ ဆွေးနွေးမှုတွေ ခပ်စိပ်စိပ် ရှိလာတာနဲ့ ပတ်သက်ပြီး အလားအလာကောင်းကို မျှော်လင့်နေကြမှာ ဖြစ်သလို၊ ဒီလို တွေ့ဆုံရာမှာ သတိချပ်သင့်တဲ့အချက်တွေလဲ ရှိနေတယ်လို့များ တွေးမိကြပါသလား ဆိုတာကို ဆွေးနွေးဖို့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် ဦးဝင်းတင်၊ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ ဒီမိုကရက်ပါတီဥက္ကဋ္ဌ ဦးသုဝေတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။