VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
Face စကားလုံး အီဒီယံ အသုံးအနှုန်းများ

19 October 2009

ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ Straight face နဲ့ Straight man တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းမှာ Straight face ဖြစ်ပါတယ်။ Straight က တည့်မတ်သည်၊ face က မျက်နှာ ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက် အဓိပ္ပာယ်ကတော့ တည့်မတ်တဲ့မျက်နှာ ဖြစ်ပါတယ်။ အီဒီယံ အသုံး သွယ်ဝိုက်အဓိပ္ပာယ်ကတော့ ရယ်စရာ တွေ့လို့ မရယ်မမော မြိုသိပ်ထားခြင်း၊ မျက်နှာ တည်တည်ထားရတဲ့ အနေအထား၊ တနည်းဆိုရင် ခံစားချက် အမူအရာကို မပြဘဲ မျက်နှာကို တည်တည်ထားခြင်းကို ဆိုလိုပါတယ်။ နောက်တမျိုးက သူတပါးကို နောက်ပြောင်ပြီး မိမိ လက်ချက် ဖြစ်တယ်ဆိုတာ မသိအောင် မသိချင်ယောင် ဆောင်ပြီး မျက်နှာကို ရှုတည်တည် ထားခြင်း၊ မျက်နှာပိုးသပ်ထားတဲ့ မျက်နှာမျိုးကို ဆိုလိုပါတယ်။

အောက်ဖော်ပြပါ ဥပမာကတော့ ပျော်ပွဲစားတခု ထွက်ရာမှာ ကိုယ့်ဆရာသမား လှေစီးဖို့ လှေပေါ်ကို အတက်မှာ မတော်လို့ ရေထဲချော်ကျသွားတာကို မြင်ရတဲ့ တပည်က မရယ်မိအောင် မနည်းထိန်းထားရတဲ့ George Crows ပေးမယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"When I saw him climb out all wet and muddy, it was so funny. It was hard to keep a straight face. But, I knew if I laughed, I'b be in trouble at the office next day."

"သူ့ တစ်ကိုယ်လုံး ရေတွေ ရွှံ့တွေလူးပြီး မြင်ရတော့ သိပ်ကို ရယ်စရာ ကောင်းလွန်းလို့ မရယ်မိအောင် မနည်းထိန်းချုပ် ထားရတယ်။ ဒါပေမဲ့ ကျနော် သိပါတယ်။ ကျွန်တော် ရယ်မိရင်တော့ နောက်တနေ့ ရုံးရောက်ရင် ကျနော့်ကို ပြဿနာလုပ်မှာ သေချာတယ်။"

မျက်နှာကို ဣနြေ္ဒလုပ် မပျက်ဆယ်ထားနိုင်ရင် ခပ်တည်တည် ထားနိုင်ရင် တခါတရံတော့ သိပ်ကို အသုံးဝင်လှပါတယ်။ ဒီအချက်က အမေရိကန်နိုင်ငံမှာ ကစားတဲ့ ပိုကာ (poker) ဖဲဝိုင်းမှာ အထူး အသုံးဝင်ပါတယ်။ ပိုကာ ကစားဝိုင်းမှာ ကစားသမားတွေက တယောက် မျက်နှာ တယောက် ကြည့်ပြီး သူ့ဖဲကိုယ့်ဖဲ အခြေအနေကို ခန့်မှန်း ကြပါတယ်။ ဖဲကောင်းတဲ့ မျက်နှာ ဖဲမကောင်းတဲ့ မျက်နှာ ဘယ်လိုဆိုပြီး အကဲခတ်လေ့ ရှိရာမှာ ကိုယ့်ဖဲ ဘယ်လောက်ကောင်းကောင်း ဘယ်လောက်အခြေအနေ ဆိုးဆိုး မျက်နှာအမူအရာ ကွယ်ဝှက်ထားနိုင်တဲ့ ဖဲသမားက တပန်းသာပါတယ်။ ဒီနေရာမှာ မျက်နှာသေ ထားနိုင်တယ်လို့ အဓိပ္ပါယ်ယူရင်တော့ ပိုပြီသင့်တော်ပါလိမ့်မယ်။

ညီမဖြစ်သူက ဒီလိုနေရာမျိုးမှာ ဘယ်လောက်တော်တဲ့အကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

"Sue usually wins the poker. She keeps the same straight face whether she has four aces or nothing at all in her hands. Her cards usually surprise you, so be ready to lose some money."

"Sue တယောက်က ပိုကာ ကစားတဲ့အခါ အများအားဖြင့် နိုင်လေ့ရှိပါတယ်။ သူ့ လက်ထဲမှာ တစ်ဖဲ လေးချပ်လောက် ရှိနေရင်ဖြစ်စေ၊ သူလက်ထဲမှာ ဘယ် ဖဲ ကောင်းကောင်းမှ မရှိတဲ့အခါဖြစ်စေ သူက မျက်နှာသေနဲ့ သိပ်ကို နေနိုင်တယ်။ သူ့ ဖဲတွေဟာ အများအားဖြင့် မမျှော်လင့်တဲ့ ဖဲတွေဖြစ်တဲ့အတွက် ခင်ဗျား သူ့ကို ဖဲရှုံးပြီး ငွေပေးဖို့သာ ပြင်ပေးတော့။"

Straight ကို အခြေခံတဲ့ နောက်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ straight man ဖြစ်ပါတယ်။ Straight က ဖြောင့်သော၊ မတ်သော၊ Man က လူ ဖြစ်ပါတယ်။ ဖြောင့်မတ်သောလူ၊ တည်တည်တန့်တန့် ရှိသောလူ လို့ လုံးကောက်အဓိပ္ပါယ် ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ အသုံးမှာတော့ သူတပါး ပေါ်လွင် ထင်ရှားဖို့အတွက် အဖြည့်ခံ လူလို့ အဓိပ္ပါယ် ဆောင်ပါတယ်။

အခုတင်ပြပေးမယ့် ဥပမာမှာ လူရွှင်တော်က မြူးသလောက် သူက ထုံအအကြီးနဲ့ နေရလို့ ဖြစ်ပါတယ်။ ပြဇာတ်ရုံတွေက ဆင်းသက်လာတဲ့ စကားဖြစ်ပါတယ်။ အမေရိကန် ရုပ်မြင်သံကြား အစီအစဉ်တွေမှာ အဖြည့်ခံသရုပ်ဆောင်ရသူက ကင်မရာရှေ့ မှာ ရပ်နေရပြီး သူပြောတဲ့ စကားအပေါ် လူရွှင်တော်က ပြက်လုံးဟာသထုတ်လေ့ ရှိပါတယ်။ တခါတလေမှာ သူကို ပြစ်မှတ်ထားပြီး လူရွှင်တော်က ပြတ်လုံးထုတ် တတ်ပါတယ်။ ဒီလိုအလုပ်မျိုးကို လူတကာတော့ သိပ်မလုပ်ချင်ကြ ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူက ထုံအအ နဲ့ အဖြည့်ခံရသူဖြစ်ပြီး ပရိသတ်က လူရွှင်တော်ကိုဘဲ ပွဲကျကြလို့ ဖြစ်ပါတယ်။

ပထမအနေနဲ့ ကမ္ဘာကျော် ဟာသ သရုပ်ဆောင်တဦးအတွက် အဖြည့်ခံသရုပ်ဆောင် လုပ်ရပုံအကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

"My job as a straight man is to set up his jokes and act dumb, so he can make people laugh at me. He pays me well though. He knows I won of the best straight man in the business, and he wouldn't be half as funny without me."

"သူ့အတွက် အဖြည့်ခံလူအဖြစ် ကျွန်တော် လုပ်ပေးရတဲ့ တာဝန်က သူ့ ပြက်လုံးတွေကို သရုပ်ဆောင်ပေးရပြီး ခပ်ထုံထုံနဲ့ နေပေးရတယ်။ ဒါမှ ကျနော်ကို ကြည့်ပြီး ပွဲကြည့်သူတွေ ရယ်အောင် သူက လုပ်နိုင်မယ်။ သူက ကျနော်ကို ပိုက်ဆံ အတော်များ ပေးပါတယ်။ ကျနော်ဟာ သူ့ စီးပွားရေး လုပ်ငန်းမှာ လူထုံလူအ အဖြစ် သရုပ်ဆောင်ရာမှာ အကောင်းဆုံး တယောက် ဖြစ်တယ်ဆိုတာ သူ သိနေပါတယ်။ ကျနော် မပါဘဲနဲ့ သူ့ သရုပ်ဆောင်မှုက ရယ်စရာ ကောင်းမှာ မဟုတ်ဘူး။"
 


Download ဒေါ်လှလှသန်း
နားဆင်ရန်  (MP3)
Listen to This Report ဒေါ်လှလှသန်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အာဖဂန် ငြိမ်းချမ်းရေး တာလီဘန်နဲ့ ဆွေးနွေးရာမှာ သတိရှိစေလို  Audio Clip Available

  More From VOA
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း အမေရိကန် ချစ်ကြည်ရေးခရီး စတင်  Audio Clip Available
ထိုင်ဝမ် ငါးဖမ်းသင်္ဘော ၄ စင်း မြန်မာရေတပ်က ဖမ်းဆီး  Audio Clip Available
NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း  Audio Clip Available
ဖိလစ်ပိုင် တောင်ပိုင်းမှာ လူ ၂၁ ဦး ပြန်ပေးဆွဲ သတ်ဖြတ်ခံရ  Audio Clip Available
ခမာနီ ခေါင်းဆောင်ဟောင်း ဒွိုက် အပေါ် နောက်ဆုံး တရားခွင် ကြားနာမှု ပြုလုပ်နေ  Audio Clip Available
အီရန် နျူကလီးယား စက်ရုံတွေ လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်မှု စတင်  Audio Clip Available
လှိုင်သာယာမီး အိမ်ခြေ ၂၀ ကျော် ဆုံးရှုံး  Audio Clip Available