VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မုန်တိုင်းကြောင့် ဗီယက်နမ်မှာ ၉၀ ကျော် သေဆုံး

04 November 2009

ဗီယက်နမ်နိုင်ငံမှာ မေရီနေး (Marinae) တိုင်ဖုန်းမုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၉၀ နီးပါး ရှိသွားပြီဖြစ်ပြီး လူအများအပြား ပျောက်ဆုံးနေဆဲပဲလို့ ဗီယက်နမ်အစိုးရရဲ့ သဘာဝ ကပ်ဘေးဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

သေဆုံးသူ အများစုဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးခဲ့တဲ့ ဖုယန်နဲ့ ဗင်ဒင်းတို့လို ပင်လယ်ကမ်းခြေ ပြည်နယ်တွေက ဖြစ်ပါတယ်။ အစိုးရ သတင်းမီဒီယာတွေမှာတော့ မုန်တိုင်းကြောင့် အိမ်ပေါင်း ၁၃,၀၀၀ ပျက်စီးခဲ့ပြီး လယ်ယာမြေ ဧကပေါင်း ၁၂,၄၀၀ ရေလွှမ်းမိုးခဲ့တယ်လို့ ဆိုပါတယ်။ လူထောင်ပေါင်းများစွာလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။

ရေလွှမ်းမိုးတဲ့ ရွာတွေမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေး လုပ်သားတွေက လှေတွေသုံးပြီး ကယ်ဆယ်နေကြရပါတယ်။

တနင်္လာနေ့ကစလို့ ဗီယက်နမ်ကမ်းခြေကို ၀င်ရောက် တိုက်ခတ်ခဲ့တဲ့ မေရီနေး မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကတဆင့် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံကို ရွေ့လျားသွားတဲ့ အခါမှာတော့ အားပျော့သွားပြီး အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အသွင်ပြောင်းသွားပါတယ်။

ဗီယက်နမ်နိုင်ငံကို မ၀င်ရောက်ခင် ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်ခဲ့ပြီး လူ ၂၀ လောက် သေဆုံးခဲ့ရပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အိုင်ယာလန်ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန်  Audio Clip Available

  More From VOA
ထိုင်းဆန္ဒပြပွဲတွေ ဆက်ဖြစ်ဆဲ၊ ညှိနှိုင်းမည့်အသံထွက်လာ  Audio Clip Available
နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြသူတွေ ပြန်လည်လွတ်မြောက်  Audio Clip Available
ညီညီအောင် ၀ါရှင်တန် ပြန်လည်ရောက်ရှိ  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ကမ်းလှမ်းချက် ဆန္ဒပြသူများ ပယ်ချ  Audio Clip Available
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်  Audio Clip Available
ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ  Audio Clip Available
ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြသူတွေ နယူးဒေလီမှာ ဖမ်းဆီးခံရ  Audio Clip Available
ညီညီအောင်ကို လွှတ်ပေးတာ အမေရိကန် ကြိုဆို  Audio Clip Available
သမ္မတ အိုဘားမား အင်ဒိုနီးရှား ခရီးစဉ် ရွှေ့ဆိုင်း  Audio Clip Available