VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အမေရိကန် အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တဲ့အတွက် မြန်မာစစ်အစိုးရကို ဒေါ်စု ကျေးဇူးတင်

10 November 2009

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်က လာရောက်တဲ့ သံတမန်တွေနဲ့ တွေ့ဆုံခွင့် ပေးခဲ့တဲ့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်အစိုးရကို ကျေးဇူးတင်ရှိတယ်လို့ ပြောကြားလိုက်ကြောင်း မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောကြားခဲ့ပါတယ်။

“အဓိကကတော့ အကြောင်းအရာ မစ္စတာကမ်းဘဲလ်နဲ့ စကော့ မာဆီယယ် (Scot Marciel) တို့နဲ့ တွေ့ခဲ့တဲ့ အသေးစိတ် ဆွေးနွေးချက်တွေကိုတော့ သူ မပြောပါဘူး။ ဒါပေမဲ့ သူပြောတာက ဒီပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စေတနာလည်း ရှိတယ်၊ အလေးအနက်လည်း ထားတယ်။ ဒါကြောင့် သူတို့ကိုလည်း ကျေးဇူးတင်တယ်။ ပြီးတော့ ဒီလိုတွေ့နိုင်အောင် စီစဉ်ပေးတဲ့ နအဖကိုလည်း ကျေးဇူးတင်တယ်။ ဒီ့ထက်ထိ ပိုပြီး တိုးတက်မှုတွေ ရှိမယ်လို့လည်း ယုံကြည်တယ်။ အဲဒါ ပြောလိုက်ပါတယ်။”

ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်း ၁၄ နှစ်လောက် အကျယ်ချုပ်၊ အကျဉ်းချုပ်တွေနဲ့ နေထိုင်နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရနဲ့ ပတ်သက်ပြီး အခုလို အကောင်းပြောဆိုတာမျိုးက ထူးခြားနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ သြဂုတ်လတုန်းက သူ့ကို စစ်အစိုးရက ထောင်ဒဏ် ၃ နှစ် ချမှတ်ပြီးတော့မှ တနှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ်နဲ့ လျှော့ပေါ့ သတ်မှတ်ပေးထားတဲ့ စီရင်ချက်ကို တရားရုံးချုပ်အထိ အယူခံ ထပ်ဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးဉာဏ်ဝင်း အပါအ၀င် သူ့ရဲ့ အကျိုးဆောင်ရှေ့နေကြီး ၄ ယောက်နဲ့ သုံးနာရီနီးပါး တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံက အပြန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့ မာဆီယယ် (Scot Marciel) က ဘန်ကောက်လေဆိပ်မှာ ပြောဆိုရာမှာတော့ သူ့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေကြားမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာစေရေး စစ်အစိုးရကို တိုက်တွန်းဖို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available