VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
သမ္မတအိုဘားမား အာရှခရီးစဉ် စီးပွားရေး အာရုံစိုက်ဖို့ရှိ

13 November 2009

အာရှတိုက်သို့ ဦးတည် ခရီးထွက်သွားတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မျှတရေးနဲ့ ကျယ်ပြန့်စွာ မျှဝေရေး နှစ်ရပ်စလုံး ကြီးထွားမယ့် ဗျူဟာကို ဆွေးနွေးသွားမယ်လို့ ပြောဆိုပါတယ်။

အာရှနဲ့ ပစိဖိတ်ဒေသ ဈေးကွက်များကို အမေရိကန် ပို့ကုန်များအတွက် ပိုပြီးဖွင့်ပေးဖို့ သက်ဆိုင်ရာ ခေါင်းဆောင်များအား တိုက်တွန်းသွားမယ်လို့လည်း ၀ါရှင်တန်က မထွက်ခွာခင် သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။

အမေရိကန် သမ္မတရဲ့ အာရှတိုက်သို့ ၉ ရက်ကြာ ခရီးအစအဖြစ် ဂျပန်နိုင်ငံကို ပထမ သွားရောက်ပြီး စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ခံများနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

တိုကျိုမြို့ကနေ စင်ကာပူမှာ ကျင်းပမယ့် အေးပက် (APEC) ခေါ် အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး ညီလာခံကိုလည်း အမေရိကန် သမ္မတ တက်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားဟာ တရုတ်ပြည်မှာ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့များကို သွားရောက်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုလည်း ၀င်ရောက်မှာ ဖြစ်ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကိုညီညီအောင် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available