VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အီရန်ရဲ့ အင်တာနက်ရာဇ၀တ်မှု တိုက်ဖျက်ရေး အစီအစဉ်သစ်အပေါ် စိုးရိမ်မကင်းဖြစ်

15 November 2009

အီရန်ရဲတပ်ဖွဲ့အနေနဲ့ အင်တာနက် ရာဇ၀တ်မှုကို ဖြိုခွင်းဖို့အတွက် ဌာနသစ်တခုကို ဖွဲ့စည်းမှာဖြစ်တယ်လို့ အီရန်အမျိုးသားရေး ဦးစီးချုပ်က ပြောလိုက်ပါတယ်။ အီရန်နိုင်ငံမှာ အင်တာနက် ရာဇ၀တ်မှုတွေ တိုးများလာတာကြောင့် ဒါကို ရဲတပ်ဖွဲ့အနေနဲ့ သေသေချာချာ ဖြိုခွင်းနိုင်ဖို့အတွက် အခုလို ဖွဲ့စည်းရတာဖြစ်တယ်လို့ အီရန်ရဲချုပ် ဗိုလ်မှူးချုပ် အစ္စမေးလ် အမာဒီ မိုကာဒမ် (Esmail Ahmadi-Moqaddam) က ပြောခဲ့တာကို Iran Fars သတင်းအေဂျင်စီမှာ ကိုးကားဖော်ပြထားပါတယ်။

အင်တာနက်ပေါ်မှာ စော်ကားမော်ကားပြုတာမျိုးတွေ၊ မုသားစကားတွေ ဖြန့်ချိနေတာမျိုးတွေကို သည်းမခံဘဲ တိုက်ဖျက် သွားမယ်လို့ အင်တာနက် ရာဇ၀တ်တွေကို ကိုင်တွယ်တဲ့ဌာနက ရဲအရာရှိက ပြောပါတယ်။ ဒါ့အပြင် အင်တာနက်ပေါ်မှာ နိုင်ငံရေးလှုပ်ရှားတာတွေကိုလည်း မျက်ခြည်မပြတ်စောင့်ကြည့်ဖို့ ၁၂ ဦးပါဝင်တဲ့ ကော်မတီအဖွဲ့တခုကို ဖွဲ့စည်းမှာဖြစ်တယ် လို့ ဆိုပါတယ်။

အခုလို အင်တာနက် ရာဇ၀တ်ဌာန ဖွဲ့စည်းရတာဟာ အစိုးရအနေနဲ့ အင်တာနက်ကို အသုံးပြုပြီး အချင်းချင်းဆက်သွယ် သတင်းပေးလေ့ရှိတဲ့ အတိုက်အခံတွေကို ဖြိုခွင်းလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။

အီရန်နိုင်ငံမှာ အဓိက အတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မစ္စတာ မီးရ် ဟူစိန် မူဆာဗီ (Mir Hossein Mousavi) နဲ့ အရာတိုလာ မာဒီ ကရူဘီ (Ayatollah Mehdi Karrubi) တို့ရဲ့ ၀က်ဘ်ဆိုက် အပါအ၀င် အတိုက်အခံ ၀က်ဘ်ဆိုက် တော်တော်များများကို အစိုးရက တရားမ၀င် ကြေညာပြီး ပိတ်ပင်တားမြစ်ထားတာ ဖြစ်ပါတယ်။  


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available