VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
APEC ညီလာခံ ကမ္ဘာ့ဘဏ္ဍာရေး ပြဿနာနဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် အာရုံစိုက်ဆွေးနွေး

15 November 2009

ဒီကနေ့ တနင်္ဂနွေနေ့မှာ စင်ကာပူနိုင်ငံက အာရှပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံမှာ APEC ၂၁ နိုင်ငံ ခေါင်းဆောင်တွေဟာ ကမ္ဘာ့လုံးဆိုင်ရာ ဘဏ္ဍာငွေကြေး ကျပ်တည်းမှုနဲ့ ကုန်သွယ်ရေး ထုတ်လုပ်မှုကို မြှင့်တင်ပေးရေးတွေကို အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ပြန်လည်နိုးထလာရေး ကြိုးပမ်းချက်တွေမှာ နိုင်ငံတကာ ပိုမိုပူးပေါင်းဆောင်ရွက်ကြဖို့ နဲ့ ကုန်သွယ်ရေးမှာ တံခါးပိုမိုဖွင့်ထားဖို့ ဆိုတာတွေကို ၂၁ နိုင်ငံ ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပါတယ်။

အမေရိကန်က ကုန်သွယ်ရေးမှာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုဝါဒကို ကျင့်သုံးနေတယ်လို့ ပြောဆိုလိုတဲ့ အရိပ်လက္ခဏာတွေ ကိုလည်း တွေ့ကြရပါတယ်။ ဥရောပသမဂ္ဂ အီးယူ ပုံသဏ္ဍန် အာရှပစိဖိတ် မိသားစုအဖွဲ့တဖွဲ့ ဖွဲ့စည်းဖန်တီးဖို့ကို သြစတြေးလျ ၀န်ကြီးချုပ် ကယ်ဗင် ရက်ဒ် (Kevin Rudd) က တိုက်တွန်း ပြောဆိုသွားပြီး မက္ကဆီကို သမ္မတ ဖိလစ်ပ် ကယ်လ်ဒါရွန် (Felipe Calderon) ကတော့ လွတ်လပ်စွာ ကုန်သွယ်ခြင်းရဲ့ ဆန့်ကျင်ဘက်ကို အမေရိကန်အစိုးရက သွားနေတယ်လို့ ဝေဖန် ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ မက်ဗီယဲဒက်ဖ် ကလည်း အလားတူ ပြောဆိုသွားခဲ့ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available