VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်

25 November 2009

ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ရတဲ့ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှု ကိစ္စမှာ စီစဉ်ဆောင်ရွက်သူတွေ၊ ကူညီပံ့ပိုးသူတွေ စုစုပေါင်း လူ ၇ ဦးကို ပါကစ္စတန်မှာ တရားရုံးတင် စစ်ဆေးနေပါပြီ။ သံသယဖြစ်ဖွယ် တရားခံ အားလုံးကတော့ သူတို့မှာ အပြစ်မရှိဘူးလို့ ပြောနေပါတယ်။

ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ အဲဒီ တရားခွင်ကိုတော့ မြို့တော် အစ္စလမ်မာဘတ်မြို့နဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးတဲ့ ရာဝါပင်ဒီ ရှိ လုံခြုံရေး တင်းကျပ်တဲ့ အကျဉ်းစခန်းတခုမှာ ပြုလုပ်သွားတာပါ။ တရားခွင်ဟာ တံခါးပိတ် စစ်ဆေးမှုဖြစ်ပြီး အသေးစိတ် ကိုလည်း တရားရေး တာဝန်ရှိသူတွေက ထုတ်ဖော်ပြောတာ မရှိပါဘူး။

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ အတိုက်ခံရတာ တနှစ်ပြည့်တော့မယ့် အချိန်မှာပဲ သံသယဖြစ်ဖွယ် တရားခံ တွေကို ပါကစ္စတန်မှာ အခုလို တရားရုံးတင် စစ်ဆေးမှုတွေ ဖြစ်လာတာပါ။ တရားခံတွေကို အတင်းအကျပ် ၀န်ခံခိုင်းတာနဲ့ ပတ်သက်လို့ ပြင်ပဖိအားတွေအပေါ် တရားခံရှေ့နေဖြစ်သူက ဝေဖန် အပြစ်တင်ပါတယ်။

ပါကစ္စတန်ရဲ့ လွတ်လပ်တဲ့ တရားရုံးတွေကနေ ဒီလူတွေမှာ အပြစ်မရှိဘူးဆိုတာ အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ထားတယ်လို့လည်း တရားခံရှေ့နေဖြစ်သူက ပြောပါတယ်။ ဒီလူတွေကို စစ်ဆေးမယ့် အခုလာမယ့် တရားခွင်တွေဟာ ပါကစ္စတန်အနေနဲ့ ဒီ တိုက်ခိုက်မှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူမလဲဆိုတဲ့ စမ်းသပ်ခံ သဘော ဖြစ်နေပါတယ်။

မွမ်ဘိုင်းတိုက်ခိုက်မှု အပေါ်မှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အဖွဲ့တခုဖြစ်တဲ့ လက်ရှ်ကာ အီ တိုင်ဘာ အဖွဲ့မှာ တာဝန်ရှိတယ်လို့ အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့က အပြစ်တင်ထားပါတယ်။ အခု တရားခံတွေထဲက ၂ ဦးဟာ မွမ်ဘိုင်းတိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူတွေ ဖြစ်တယ်လို့ အိန္ဒိယဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
အမေရိကန် ကျန်းမာရေး ဥပဒေကြမ်း နောက်ဆုံးအဆင့် ငြင်းခုန်  Audio Clip Available

  More From VOA
မဲပြန်မရေနိုင်ဟု အီရတ် ရွေးကောက်ပွဲ ကော်မရှင် ပြော  Audio Clip Available
နာဂစ် နာလန်ထူရေး ပျက်စီးတာတမံတွေကြောင့် နှောင့်နှေးနေ  Audio Clip Available
အမေရိကန် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ စစ်သင်္ချိုင်း သရုပ်ဖော်  Audio Clip Available
ထိုင်းရှပ်နီတွေ သွေးပန်းချီရေး ကန့်ကွက်မည်  Audio Clip Available
အိုင်ယာလန်ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန်  Audio Clip Available
ထိုင်းဆန္ဒပြပွဲတွေ ဆက်ဖြစ်ဆဲ၊ ညှိနှိုင်းမည့်အသံထွက်လာ  Audio Clip Available
နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြသူတွေ ပြန်လည်လွတ်မြောက်  Audio Clip Available
ညီညီအောင် ၀ါရှင်တန် ပြန်လည်ရောက်ရှိ  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ကမ်းလှမ်းချက် ဆန္ဒပြသူများ ပယ်ချ  Audio Clip Available