VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ တတိယ

17 November 2009

စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယမြောက် အဂတိ အလိုက်စားဆုံး နိုင်ငံအဖြစ်နဲ့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International က အင်္ဂါနေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်ပါတယ်။

ကမ္ဘာပေါ်က တည်ငြိမ်မှု ကင်းမဲ့တဲ့၊ မငြိမ်းချမ်းတဲ့ ဆိုမာလီနိုင်ငံနဲ့ အာဖဂန်နစ္စတန် နိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ တူညီနေတယ်လို့ TI အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။ ဆိုမာလီနိုင်ငံဟာ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံကိုတော့ ဒုတိယအဆင့်မှာ သတ်မှတ်ထားပါတယ်။

ကမ္ဘာ့ အဂတိအလိုက်စားဆုံး နိုင်ငံကို သတ်မှတ်ရာမှာ အမှတ် ၁.၁ ကနေ ၁၀ အထိ ပေးထားပြီး ဒုတိယ အဆိုးဝါးဆုံး အာဖဂန်နစ္စတန်နိုင်ငံကို ၁.၃ အဖြစ် သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံက ၁.၄ ရှိပြီး စတုတ္ထနှစ်နိုင်ငံက ဆူဒန်နဲ့ အီရတ်နိုင်ငံဖြစ်ပြီး ၁.၅ အဆင့်မှာ ရှိနေပါတယ်။

၂၀၀၈ ခုနှစ်အတွင်း အာရှတိုက်တလွှားမှာ ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုနဲ့ နိုင်ငံရေး ပြောင်းလဲမှုဒဏ်ကို ခံရတာကြောင့် နိုင်ငံအများအပြားမှာ အဂတိလိုက်စားမှုတွေ တိုးလာတယ်လို့လည်း TI အဖွဲ့က ပြောပါတယ်။

စာရင်းဝင်နိုင်ငံပေါင်း ၁၈၀ ထဲမှာ ကမ္ဘောဒီးယား၊ လာအို၊ အရှေ့တီမောနဲ့ ဗီယက်နမ် နိုင်ငံတွေဟာ အောက်ဆုံးအဆင့်တွေမှာ နေရာယူထားပါတယ်။ ဒီအထဲမှာ အင်ဒိုနီးရှားနိုင်ငံကတော့ တိုးတက်မှုတွေ ရှိလာတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကလည်း အရာရှိတွေနဲ့ ၀န်ကြီးအဆင့် အဂတိလိုက်စားမှုတွေကို နှိပ်ကွပ်ဖို့ ကြိုးစားခဲ့ပေမဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်ရင် အဂတိလိုက်စားမှုတွေ ရှိနေသေးတယ်လို့ နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ကြီးက ပြောပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available