VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဖိလစ်ပိုင် ငါးဖမ်းသမား ၁၄ ဦး အိမ်ပြန်နိုင်ရေး သံတမန်တွေ ကြိုးပမ်း

27 November 2009

မြန်မာ့ရေပိုင်နက်ထဲ တရားမ၀င် ငါးဖမ်းမှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အဖမ်းအဆီး ခံခဲ့ရတဲ့ ဖိလစ်ပိုင် ငါးဖမ်းသမား ၁၄ ဦး ပြန်လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံက ဖိလစ်ပိုင် သံအရာရှိတွေ ကြိုးစားနေကြပါတယ်။

ဖိလစ်ပိုင် သံအရာရှိတွေဟာ အဖမ်းခံနေရတဲ့ ငါးဖမ်းသမားတွေနဲ့ တွေ့ခွင့်ရခဲ့ပြီး သူတို့ကို အိမ်ပြန်ပို့နိုင်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ရန်ကုန် ဖိလစ်ပိုင်သံရုံးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

မြန်မာစစ်တပ် အာဏာပိုင်တွေဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က ထိုင်ဝမ် ငါးဖမ်းလှေ အများအပြားကို ဖမ်းဆီးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသား ၁၄ ဦး အပါအ၀င် ငါးဖမ်းသမား ၁၂၈ ဦးကို ထိန်းသိမ်းခဲ့ပါတယ်။ အဲဒီထဲက အများစုဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူတို့ကို ရန်ကုန်က နာမည်ကြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တဦးရဲ့ ပြောကြားချက်ကို ကိုးကား ဖော်ပြပါတယ်။ အင်းစိန်ထောင်ဟာ ညှဉ်းပန်းနှိပ်စက်မှုနဲ့ နာမည်ကြီးတဲ့ထောင် ဖြစ်ပြီး မကြာခင်ကဘဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းခဲ့ပါသေးတယ်။

အဖမ်းဆီးခံနေရတဲ့ အထဲမှာ တရုတ်ပြည်မနဲ့ ထိုင်ဝမ်က ငါးဖမ်းသမားတွေလည်း ပါတာမို့ ဒီလူတွေရဲ့ လုံခြုံရေးနဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available