VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
မြန်မာ့ကမ်းလွန်ရေနံ ဓါတ်ငွေ့ပိုက်လိုင်း စင်ကာပူကုမ္ပဏီ လုပ်ခွင့်ရ

27 November 2009

စင်ကာပူ အခြေစိုက် ရေကြောင်း အင်ဂျင်နီယာ ကုမ္ပဏီတခုဟာ နောက်နှစ်ဆန်းကစပြီး မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ဓါတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်း ချထားဖို့အတွက် ဒေါ်လာသန်းချီတဲ့ လုပ်ငန်း ကန်ထရိုက်တခု လက်မှတ်ရေးထိုး လိုက်ပါတယ်။

မိုင် ၉၀ ရှည်လျားတဲ့ ဓါတ်ငွေ့ပိုက်လိုင်း သယ်ဖို့ ဒေါ်လာ ၇၇ သန်းတန် စာချုပ်တခုကို အမည်မဖော်ထားတဲ့ မြန်မာကုမ္ပဏီတခုနဲ့ ဆွိုင်ဘာ (Swiber Holdings Company Ltd.) တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အကြောင်း ကုမ္ပဏီက သောကြာနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တာတွေကို နောက်လမှာ စမယ်လို့ ဆွိုင်ဘာ ကုမ္ပဏီက ပြောပါတယ်။ ၂၀၁၀ ခုနှစ် ပထမ သုံးလပတ်မှာ လုပ်ငန်းခွင် စတင်မှာဖြစ်ပြီး ၆ လအတွင်း ပြီးစီးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားဆဲ ရှိပေမယ့် စင်ကာပူ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတွေ၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်း နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရနဲ့ စီးပွားကုန်သွယ် ဆက်ဆံရေးတွေ ထူထောင်ထားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available