VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အီရန်နျူကလီးယားအရေး IAEA အပြင်းအထန် ဝေဖန်

28 November 2009

နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်တဲ့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ ဗီယင်နာ မြို့ စည်းဝေးပွဲမှာ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အဆိုတရပ်ကို မဲခွဲချမှတ်လိုက်ပါတယ်။

အီရန်နိုင်ငံအနေနဲ့ ယူရေနီယံ သန့်စင်မှု ရပ်ဆိုင်းရမယ်။ မကြာသေးခင်က ဖော်ထုတ်လိုက်တဲ့ ယူရေနီယံ သန့်စင်တဲ့ အလုပ်ရုံ ဆောက်လုပ်နေတာကိုလည်း ရပ်ဆိုင်းရမယ်။ လျို့ဝှက် နျူကလီးယား လုပ်ငန်း လုပ်နေတာမရှိဘူး ဆိုတာလည်း အီရန်နိုင်ငံ အနေနဲ့ အတည်ပြု ဖော်ပြရမယ်လို့ ဆိုထားတဲ့ အဲဒီအဆိုကို ရုရှားနဲ့ တရုတ်နိုင်ငံတို့ကလည်း ထောက်ခံလို့ ဒီတကြိမ်မှာ ထူးခြားတယ်လို့ သတင်းများမှာ ဖော်ပြပါတယ်။

အီရန်နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အီရန်ကို ဖိအားပေးတဲ့ IAEA အဖွဲ့ရဲ့ ဒီဝေဖန်ချက်ဟာ အသုံးမ၀င်တဲ့လုပ်ရပ်လို့ ခေါ်ဆိုလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ ဆိုင်ရာ အီရန်သံအမတ် အလီအက်စ်ကာ ဆိုတာနီးယား က အဲဒီဝေဖန်ချက်က အီရန်ရဲ့ နျူကလီးယား နဲ့ပတ်သက်ပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်သွားစေလိမ့်မယ်လို့ သတိပေး ပြောဆိုသွားပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available