VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ရုရှားရထား ဗုံးကွဲ ၂၅ ဦးသေ

28 November 2009

ရုရှားနိုင်ငံမှာ ခရီးသည် ၂၆ ယောက် သေဆုံးပြီးတော့ ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ အမြန် မီးရထား လမ်းချော် တိမ်းမှောက်မှုဟာ ဗုံးပေါက်ကွဲမှုကြောင့်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။

မော်စကို မြို့တော်ရဲ့ အနောက်မြောက်ဘက် မိုင် ၂၅၀ လောက်အကွာမှာ ဖြစ်ခဲ့တဲ့ မီးရထားမှောက်ခဲ့တဲ့ နေရာမှာ ဖောက်ခွဲ ရေး ပစ္စည်း အကြွင်းအကျန်တွေကို တွေ့ရှိတယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကနေ့ စနေနေ့မှာ ပြောပါတယ်။ အကြမ်းဖက်မှု စွဲချက်တွေနဲ့ စွဲနိုင်လောက်တဲ့အထိ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်နေပြီလို့ အစိုးရ ရှေ့နေ တွေက ပြောပေမဲ့ သံသယရှိသူတွေဟာ ဘယ်သူလဲဆိုတာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။

ရထား အပျက်အစီးပုံတွေကြားမှာ အရှိန်ကြောင့် ချိုင့်ဝင်သွားပုံရတဲ့ တွင်းငယ်လေး တခုကို တွေ့ရှိခဲ့ရပါတယ်။ ဒီ မီးရထား ပေါက်ကွဲမှုကြောင့် မီးရထား သံလမ်းအပိုင်းတချို့လည်း ပျက်စီးခဲ့ပါတယ်။

မော်စကိုမြို့တော်ကနေ မြောက်ပိုင်း စိန့်ပီတာစ်ဘတ် မြို့ကိုအသွား ခရီးသည် ၆၀၀ ကျော်ပါတဲ့ နာ့စ်ကီး အမြန်ရထား တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ၁၈ ယောက်ကို ကယ်ဆယ်ရေးဝန်ထမ်းတွေက နေ့မအားညမအား ရှာဖွေနေပြီးတော့ သေဆုံးသူ အရေအတွက်ဟာ တိုးလာနိုင်တယ်ဆိုပြီး ပြောပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
ကိုညီညီအောင် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ  Audio Clip Available

  More From VOA
လှိုင်သာယာ ဆန္ဒပြ အလုပ်သမားအရေး တာဝန်ရှိသူတွေ ဖျန်ဖြေပေးနေ  Audio Clip Available
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available