VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
ဟွန်ဒူးရပ်စ် သမ္မတရွေးကောက်ပွဲ စတင်

29 November 2009

ဟွန်ဒူးရပ်စ်နိုင်ငံမှာ သမ္မတ မန်နျူရယ် ဇလေယာ (Manuel Zelaya) ကို ရာထူးကနေ ဖြုတ်ချခဲ့ပြီး ၅ လအကြာ ဒီကနေ့မှာ သမ္မတ ရွေးကောက်ပွဲတွေ ပြုလုပ်နေပါတယ်။

ဖြုတ်ချခံရတဲ့ သမ္မတ ဇလေယာရော၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ယာယီခေါင်းဆောင် ရောဘတ်တို မီချဲလက်တီ (Roberto Micheletti) ပါ ဒီရွေးကောက်ပွဲမှာ ဝင်မပြိုင်ပါဘူး။

အခု သမ္မတ ဝင်အရွေးခံသူတွေက လက်ရှိ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ အတိုက်အခံဘက်က ရှေးရိုးစွဲဝါဒီ ပေါ်ဖီရီရို ပက်ပီ လိုဘို (Por fi rio Pepe Lobo) က ရှေ့ပြေးနေတယ်လို့ လက်ခံကြပါတယ်။ သူနဲ့အတူ ယှဉ်ပြိုင်နေသူက လက်ရှိ အာဏာရ လစ်ဘရယ်ပါတီက အယ်လ်ဗင် ဆန်းတို့စ် (Elvin Santos) ဖြစ်ပါတယ်။

ဟွန်းဒူးရပ်စ်နိုင်ငံ မြို့တော်က ဘရာဇီးသံရုံးထဲမှာ နေထိုင်နေတဲ့ မစ္စတာ ဇလေယာကတော့ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဟွန်ဒူးရပ်စ်မှာ ရွေးကောက်ပွဲ ပြုလုပ်တာကို ကုလသမဂ္ဂအဖွဲ့၊ ကော့စတာ ရီကာနဲ့ ပီရူးနိုင်ငံတွေက ကြိုဆိုခဲ့ကြပေမဲ့ ဘရာဇီးနဲ့ အာဂျင်တီးနားတို့ကတော့ အာဏာသိမ်းခဲ့တာကိုက တရားမဝင်ဘူးလို့ ပြောကြပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
လှိုင်သာယာအလုပ်သမား ထိုင်သပိတ် လုံခြုံရေးတပ် ၀ိုင်းထား  Audio Clip Available

  More From VOA
ကိုညီညီအောင် ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ  Audio Clip Available
သီရိလင်္ကာသမ္မတ လွှတ်တော်ဖျက်သိမ်း  Audio Clip Available
ဒေါ်စု လွှတ်ပေးဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး တောင်းဆို  Audio Clip Available
နာဂစ် မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လိုအပ်နေဆဲ  Audio Clip Available
အီရန်ကို ကုလ အရေးယူ ဒဏ်ခတ်မှုအသစ် အမေရိကန် တိုက်တွန်း  Audio Clip Available
ရွေးကောက်ပွဲ ရှုံးနိမ့်သူ သီရိလင်္ကာ ဗိုလ်ချုပ်ကြီးဟောင်း ဖမ်းဆီးခံရ  Audio Clip Available
သြစတြေးလျက မြန်မာနိုင်ငံအတွက် အထောက်အကူ ၄၀% တိုးပေးမည်  Audio Clip Available
ရှမ်းပြည်နယ်အတွက် တိုက်ပွဲဝင်ဖို့ SSA ခေါင်းဆောင် အခိုင်အမာပြော  Audio Clip Available
သက်ဆင်အမှု စီရင်ချက်မချမီ ထိုင်းအစိုးရ စစ်သား ၂၀,၀၀၀ ဖြန့်ကြက် ချထားမည်  Audio Clip Available
ယူကရိန်း အတိုက်အခံ ခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရကြောင်း ကြေညာ  Audio Clip Available