VOANews.com

ဗွီအိုအေ မြန်မာ ▪ Burmeseယုံကြည်ရတဲ့သတင်းဌာန

 
ဘာသာစကား ၄၅ မျိုး
အာဖရိကသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ မာလာဝီနိုင်ငံ ယူမည်

01 February 2010

အာဖရိက သမဂ္ဂရဲ့ အလုပ်အမှုဆောင် ကောင်စီမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးကြပြီးတဲ့နောက် မာလာဝီနိုင်ငံက ဥက္ကဋ္ဌတာဝန်ကို ရရှိသွားပါတယ်။ နောက်နှစ်အတွက် အာဖရိက သမဂ္ဂ ဥက္ကဋ္ဌတာဝန်ကို မာလာဝီ သမ္မတ ဘင်ဂူ ၀ မူသာရီကာ (Bingu wa Mutharika) က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဗဟိုချုပ်ကိုင်ရေး စနစ်တရပ် ဖန်တီးဖို့ ဥက္ကဋ္ဌသက်တမ်း ဒုတိယနှစ် ဆက်လက်ရရှိအောင် လစ်ဗျားခေါင်းဆောင် မိုအမ်မာ ကဒါဖီ (Moammar Gadhafi) က စည်းရုံးခဲ့ပါသေးတယ်။ ဒါပေမဲ့ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော် အဒစ်စ် အဘာဘာ (Addis Ababa) မှာ ကျင်းပတဲ့ တနင်္ဂနွေနေ့က ထိပ်သီး အစည်းအဝေးမှာ ကဒါဖီ ဥက္ကဋ္ဌဖြစ်ရေးကို အာဖရိက ခေါင်းဆောင်တွေက ပယ်ချလိုက်ကြပါတယ်။

အာဖရိက ခေါင်းဆောင်တွေမှာ နိုင်ငံရေး စိတ်ဆန္ဒ မရှိဘူးလို့ မစ္စတာ ကဒါဖီက သူ အပယ်ချခံရပြီးတဲ့နောက် ဝေဖန်ပါတယ်။ ၅၃ နိုင်ငံ ပါဝင်တဲ့ အာဖရိက သမဂ္ဂ အစည်းအဝေးမှာ မိန့်ခွန်းရှည်တွေ၊ ဆုံးဖြတ်ချက်တွေ၊ ကြေညာချက်တွေနဲ့ အချိန်ဖြုန်းနေပြီး ၀န်းကျင်မှာ ဖြစ်နေတဲ့ ကမ္ဘာ့အခြေအနေကို လျစ်လျူပြုနေကြတယ်လို့ သူက ဝေဖန်ပါတယ်။

အာဖရိက ပူးပေါင်းဆောင်ရွက်ရေးကို သူ ဆက်လက်ဆောင်ရွက်မယ်လို့ မစ္စတာ ကဒါဖီက ဆိုပါတယ်။

အစဉ်အလာအားဖြင့် အာဖရိကတိုက်ရဲ့ ဒေသကြီး ၅ ခုကြားမှာ အာဖရိက သမဂ္ဂ ဥက္ကဋ္ဌနေရာကို အလှည့်ကျ နှစ်စဉ် တာဝန်ပေးပါတယ်။ ဒီနှစ်က အာဖရိက တောင်ပိုင်းဒေသအလှည့် ဖြစ်ပါတယ်။


Download သတင်း
နားဆင်ရန်  (MP3)
Listen to This Report သတင်း
အစီအစဉ်ကိုရယူရန် (MP3)
E-mail This Article ဤသတင်းဆောင်းပါးကို အီးမေးလ်ပို့ရန်။
Print This Article ပုံနှိပ်ရန်လွယ်ကူသည့်စာသား
  Top Story
နာဂစ် နာလန်ထူရေး ပျက်စီးတာတမံတွေကြောင့် နှောင့်နှေးနေ  Audio Clip Available

  More From VOA
အမေရိကန် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ စစ်သင်္ချိုင်း သရုပ်ဖော်  Audio Clip Available
ထိုင်းရှပ်နီတွေ သွေးပန်းချီရေး ကန့်ကွက်မည်  Audio Clip Available
အိုင်ယာလန်ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန်  Audio Clip Available
ထိုင်းဆန္ဒပြပွဲတွေ ဆက်ဖြစ်ဆဲ၊ ညှိနှိုင်းမည့်အသံထွက်လာ  Audio Clip Available
နယူးဒေလီမြို့ရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြသူတွေ ပြန်လည်လွတ်မြောက်  Audio Clip Available
ညီညီအောင် ၀ါရှင်တန် ပြန်လည်ရောက်ရှိ  Audio Clip Available
ထိုင်းဝန်ကြီးချုပ်ကမ်းလှမ်းချက် ဆန္ဒပြသူများ ပယ်ချ  Audio Clip Available
ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေး ဆွေးနွေးမည်  Audio Clip Available
ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ  Audio Clip Available