စာသားသက်သက်ရယူရန်
အပတ်စဉ်အင်္ဂါနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တိုင်းမှာ အနုပညာမိုးကောင်ကင်ကဏ္ဍကို နားဆင်နိုင်ပါတယ်။ ဒီ စာမျက်နှာမှာတော့ ထုတ်လွှင့်ခဲ့ပြီးတဲ့ အစီအစဉ်တွေကိုလည်း ပြန်လည်နားဆင်နိုင်ပါတယ်။
အမှတ်တရကဗျာများ နိုဝင်ဘာ ၂၇၊ ၂၀၀၇ - စာရေးဆရာမကြီး လူထုဒေါ်အမာ အသက် ၉၂ နှစ်ပြည့် မွေးနေ့ပွဲအမှတ်တရ ဗကသများအဖွဲ့ချုပ်က ပေးပို့တဲ့ကဗျာနဲ့ သံဃာ့တပ်ပေါင်းစုက အရှင်ဂမ္ဘီရရဲ့ မယ်တော်ကြီး ဒေါ်ရေးရဲ့  ကိုယ်တိုင်ရွတ်ဆိုထားတဲ့ မိသားစု တမ်းချင်းကဗျာနှစ်ပုဒ်ကို ပေါင်းစု တင်ဆက်ထားပါတယ်။
မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ တေးသီချင်းသစ် နိုဝင်ဘာ ၂၀၊ ၂၀၀၇ - သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာပိုင်တွေက မတရားအကြမ်းဖက် နှိမ်နှင်းခဲ့တဲ့အပေါ် မကျေနပ်လို့  ဆန့်ကျင်တဲ့ အနေနဲ့၊ လူထုကို နိုးကြားစေဖို့ (Generation Wave) အဖွဲ့ က မြေအောက် တေးသီချင်း တပုဒ်နဲ့ တုန့်ပြန်ထားတာပါ။
ဧရာဝတီရဲ့ အဝေးရောက်သားသမီးတွေ နိုဝင်ဘာ ၁၃၊ ၂၀၀၇ - စက်တင်ဘာလှုပ်ရှားမှုကို နာကျင်ခံစားနေရသူ ကဗျာသမား ဘုန်းမင်းဇွန်က “လမ်းပေါ်မှာစီးတဲ့ ဧရာဝတီ” ဆိုတဲ့ ပြည်တွင်းမှာ ထုတ်ဝေခွင့်မရနိုင်တဲ့ ကဗျာ တပုဒ်နဲ့ သူရဲ့ ခံစားချက်ကို ဖွဲ့ဆိုထားပါတယ်။
မန္တလေးလူရွှင်တော်ပါပါလေး၏ ထောင်တွင်းအတွေ့ အကြုံ နိုဝင်ဘာ ၆၊ ၂၀၀၇ - အနုပညာ ဖန်တီးလှုပ်ရှားခွင့်ကို ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ပါပါလေး စက်တင်ဘာ လှုပ်ရှားမှုမှာ သံဃာတော်တွေကို ထောက်ခံမှုကြောင့် နောက်တစ်ကြိမ် အဖမ်းခံခဲ့ရပုံနဲ့ သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို ရှင်းလင်းပြောဆို ထားပါတယ်။
ကိုညိုနှင့် မေးမြန်းခန်း အောက်တိုဘာ ၃၀၊ ၂၀၀၇ - ရှစ်လေးလုံး လူထုအုံကြွမှုရဲ့ ထုတ်ကုန်တွေထဲမှာ ထင်ရှားကျန်ရစ်နေတဲ့ သီချင်း တပုဒ်အကြောင်း၊ တေးရေးဆရာ နိုင်မြန်မာ ရေးဖွဲ့ခဲ့တဲ့ သွေးမော်ကွန်းသီချင်းကို အိန္ဒိယနိုင်ငံရောက် ကိုညိုက သီဆိုထားတာကို တင်ဆက်လိုက်ပါတယ်။
ရွှေမန်းသဘင် မင်းသားချမ်းသာ၏ အနုပညာသုခုမ အောက်တိုဘာ ၂၃၊ ၂၀၀၇မြန်မာ့ဇာတ်သဘင်သမိုင်းမှာ နှစ်ပေါင်းများစွာ ထင်ရှားကျော်ကြားခဲ့တဲ့ သစ္စာ၊ မေတ္တာ ရွှေမန်းသဘင်ရဲ့ မင်းသား ချမ်းသာက ရွှေမန်းသဘင် အကြောင်း၊ လက်ရှိ မြန်မာဇာတ်သဘင်လောက အခြေအနေ၊ သူ့အတွေးများကို ရှင်းလင်း တင်ပြထားပါတယ်။
» နောက်ဆုံးထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်များ