Voice of America - Burmese 

▪ Burmese
Reliable News Agency

စာသားသက်သက်ရယူရန်
Search

 

VOA Burmese Health Banner

အပတ်စဉ် ဗုဒ္ဓဟူးနေ့ည ၉း၀၀-၁၀း၀၀ နာရီ အစီအစဉ်တွင် ကျန်းမာရေးဆိုင်ရာ ဆွေးနွေးခန်းများကို ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။


နှလုံးရောဂါပုံမှန်အလုပ်မလုပ်နိုင်တဲ့အခြေအနေ ဘာကြောင့်ဖြစ်လာသလဲ  

arttoday heart 150.jpg
လူ့နှလုံး ဖွဲ့စည်းမှု
ဖေဖ်ါဝါရီ ၂၇၊၂၀၀၈ -ဒီအပတ်တော့ ကမ္ဘာပေါ်မှာ အဖြစ်များတဲ့ ရောဂါတမျိုးဖြစ်တဲ့ Congestive Heart Failure နှလုံးပုံမှန်အလုပ်မလုပ်နိုင်တဲ့ ရောဂါအကြောင်း စုံစမ်းမေးမြန်းထားပါတယ်။

Congestive Heart Failure ဖြစ်ဖို့ကတော့ အကြောင်းအမျိုးမျိုးရှိပါတယ်။ ဖြစ်တဲ့ ဒီအကြောင်းအပေါ် တည်ပြီးတော့ ရောဂါအခြေအနေဟာလည်း ဆိုးဆိုးဝါးဝါးဖြစ်နိုင်ပြီး နောက်ဆုံး နှလုံးလုံးဝ သုံးမရတော့ပဲ အစားထိုးကုသရတဲ့ အခြေစိုက် လာတတ်ပါတယ်။

Congestive Heart Failure ဆိုတာနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု Internal Medicine ရောဂါရပ်ဆိုင်ရာများ ကျွမ်းကျင်သူ ဒေါက်တာကျော်စိန်ကို မေးထားပါတယ်။


 

ငှက်ဖျားဆေးတုကြောင့် ရောဂါတိုက်ဖျက်ရေးအတွက် ကြီးမားသည့် အနှောက်အတားဖြစ်စေ  

Malaria parasites
Malaria parasites
ဖေဖေါ်ဝါရီ ၂၀၊၂၀၀၈ -အခု နှစ်အနည်းငယ်အတွင်းမှာ အရှေ့တောင်အာရှက ဆရာဝန်တွေဟာ  Artesunate ဆေးဝါးတုတွေကို တွေ့လာရတယ်လို့ ဒေါက်တာ နယူးတန်က ပြောပါတယ်။ ဆေးတုတွေပေါ်ကာစတုန်းကတော့ ဒီဆေးတွေရော ဆေးထုပ် ဆေးဗူးတွေကိုပါ ကြည့်ရင် အတုမှန်း အလွယ်တကူသိနိုင်တယ်လို့ ဒေါက်တာနယူတန်က ပြောပါတယ်။ ဒါပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ အာတီဆောနစ် ဆေးတုတွေကို အစစ်နဲ့ ခွဲဖို့ အတော်လေးကို ခက်ခဲလာပြီလို့ ဆိုပါတယ်။ စစ်တမ်းတွေအရတော့ အရှေ့တောင်အာရှမှာ ရောင်းနေတဲ့ Artesunate ဆေး သုံးပုံတပုံနဲ့ တ၀က်လောက်ဟာ ဆေးတုတွေဖြစ်နေပါတယ်။

Mildenhall ဟာ Artesunate ဆေးတုနဲ့ပတ်သက်လို့ လေ့လာဖို့ ဒေါက်တာနယူတန် စုစည်းထားတဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးပါ။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သိပ္ပံပညာရှင်တွေကနေ ဒီဆေးတုတွေကို ဓါတုနည်းအရ သုံးသပ်ခွဲခြမ်းကြည့်တော့ ဒီအထဲမှာ မူးယစ်ဆေးတွေနဲ့ ကင်ဆာရောဂါဖြစ်စေတဲ့ ကာစီနိုဂျင် ဓါတ်အချို့ ပါဝင်နေတာတွေ့ကြရပါတယ်။ အများစုကတော့ ထုံးကျောက် မြေဖြူမှုန်တွေနဲ့ ကော်ရည်မှုတွေဖြစ်တတ်ပါတယ်။ ဒီဆေးတွေကို ခေတ်မှီမှုခင်ဆေးပညာရပ်နဲ့လည်း Mildenhall လေ့လာခဲ့ပြန်ပါတယ်။ ဒီဆေးတုတွေကို တရုတ်တောင်ပိုင်းကနေ ထုတ်လုပ်နေတယ်ဆိုတာကို သူ တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင်တော့ ဆရာဝန်တွေရော လူနာတွေရော သူနာပြုတွေပါ သူတို့ဟာ ဆေးတု ဆေးစစ် အသေအချာ မခွဲခြားလာနိုင်ကြတော့ အာတီဆိုနစ်ဆေးဆိုရင် အယုံအကြည်မဲ့လာပြီး မသုံးစွဲကြတော့မှာကို စိုးရိမ်ရတယ်လို့ Mildenhall ရော နယူတန်ကပါ ပြောပါတယ်။


 

 ARV ဆေးကို HIV ဗိုင်းရပ် ကာကွယ်ဆေးအဖြစ်လည်း သုံးစွဲလာနိုင်တော့မည် 

Anti-Retroviral Drugs
Anti-Retroviral Drugs
ဖေဖေါ်ဝါရီ ၁၃ ၊၂၀၀၈ - HIV ရောဂါပိုးအတွက် ကုသရာမှာသုံးတဲ့ အေအာဗီ (Antiretroviral -ARV) ဆေးတွေကို အိတ်အိုင်ဗီ ဗိုင်းရပ်ကူးစက်မခံရအောင် ကာကွယ်ဆေးအဖြစ်လည်း သုံးစွဲလာရနိုင်တယ်ဆိုတာကို မျောက်တွေနဲ့ စမ်းသပ်ခဲ့တဲ့ လေ့လာသုတေသနပြုချက်တခုက တွေ့ရှိခဲ့ပါတယ်။

အခုဆိုရင် ကမ္ဘာပေါ်မှာ လူဦးရည် ၃၃သန်းကျော်ဟာ အိတ်အိုင်ဗီ ပိုး ကူးစက်ခံထားရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတင် လူဦးရည် ၂ ဒဿမ ၅ သန်းဟာ ဒီ အိတ်အိုင်ဗီ ပိုး ရခဲ့ကြတာပါ။ ဒီရောဂါပိုးတိုက်ဖျက်ရေးအတွက် နှစ်ပေါင်းများစွာ ကြိုးစားနေကြပေမယ့် အခုအချိန်အထိ သုတေသီတွေအဖို့ အိတ်အိုင်ဗီ ရောဂါပိုး ကာကွယ်ဆေးကို ထုတ်လုပ်နိုင်စွမ်းမရှိသေးပါဘူး။ ဒါပေမယ့်လို့ အိတ်အိုင်ဗီ ဗိုင်းရပ်ပိုး ကူးစက်ခံရသူကို အေအိုင်ဒီအက်စ် ခုခံအားကျဆင်းမှုရောဂါအခြေအနေ ရောက်မလာအောင် ထိန်းထားနိုင်တဲ့ အေအာဗီ ဆေးပြားတွေကိုတော့ ထုတ်နိုင်ခဲ့ကြပါတယ်။

အခုတော့ဖြင့် အဲဒီ အေအာဗီ ဆေးပြားတွေကို အိတ်အိုင်ဗီ ရောဂါပိုး ပြန်နှံမှု ကာကွယ်ဖို့ ဖြစ်နိုင်ချေရှိတဲ့ ကာကွယ်ဆေးအဖြစ် အသုံးချကောင်း အသုံးချလာရနိုင်တယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန်တာက အမေရိကန်ပြည်ထောင်စု ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဌာနက သုတေသီတွေဟာ မျောက်တွေကို စမ်းသပ်အသုံးပြုပြီး လေ့လာချက်တရပ်လုပ်ခဲ့ပါတယ်။


 

ကမ္ဘာအ၀ှမ်း ဆီးချိုရောဂါ အဖြစ်များလာတာကြောင့် ကျန်းမာရေးကုန်ကျစရိတ် အများအပြားဖြစ်လာ  

Obese people can develop Type 2 diabetes
အ၀လွန်သူတွေမှာ Type B အမျိုးအစား ဆီးချိုရောဂါ အဖြစ်များပါတယ်။
ဖေဖေါ်ဝါရီ ၆ ၊၂၀၀၈ - ဆီးချိုရောဂါသည်ဟာ တကမ္ဘာလုံးမှာ လူဦးရည် သန်း၁၈၀ရှိမယ်လို့ ခန့်မှန်းရပြီး ဒီအရည်အတွက်ဟာ လာမယ့် ၂၀၃၀ခုနှစ်ဆိုရင် နှစ်ဆ များပြားလာမယ့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောနေပါတယ်။ ဒီရောဂါ အဖြစ်များတာကို ကြည့်ရင် အ၀လွန်မှုနဲ့ ကိုယ်ခန္ဓာလေ့ကျင်ခန်းမရှိတာတွေနဲ့ ဆက်စပ်နေပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေမှာ အ၀လွန်သူ အရည်အတွက်ဟာ အတော်လေး များပြားလာပါတယ်။ အမေရိကန်လူမျိုး ၂၁သန်း ကျော်ဟာ ခန္ဓာကိုယ်တွင်း သကြားဓါတ်ကို ထိန်းပေးတဲ့ အင်ဆူလင်ဓါတ်က အလုပ်မလုပ်နိုင်တာကြောင့် ဒီ ဆီးချိုရောဂါတွေ ရရှိခဲ့ကြတယ်လို့ အမေရိကန်ဆီးချိုရောဂါဆိုင်ရာ အဖွဲ့အစည်းကြီးက အစီရင်ခံထားပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေးပဲ ကလေးသူငယ်တွေမှာပါ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်တက်လာတဲ့သူတွေမှာ သွေးထဲမှာ သကြားဓါတ်ပါဝင်မှု ပမာဏများပြားလာတဲ့သဘောရှိပါတယ်။

ဆီးချိုရောဂါကနေ ထပ်တိုးလာတဲ့နောက်ဆက်တွဲရောဂါတွေကြောင့် ကျန်းမာရေးကုန်ကျစရိတ်တွေဟာ အမေရိကန်ပြည်ထောင်စုအတွင်း အရေိကန်ဒေါ်လာ ၁၁၆ ဘီလီယံအထိကို တဖြေးဖြေးချင်း ထိုးတက်လာခဲ့တယ်လို့ အမေရိကန် ဆီးချိုရောဂါဆိုင်ရာအဖွဲ့အစည်းကြီးက အစီရင်ခံထားပါတယ်။ ဒါကြောင့် အခုအပတ် ကျန်းမာရေးအစီအစဉ်မှာတော့ ကမ္ဘာအ၀ှမ်း ဆီးချိုရောဂါ ဖြစ်ပွားမှု တိုးများလာတာကြောင့်  ကျန်းမာရေးအသုံးစရိတ်ပိုလို များပြားလာတယ်ဆိုတာကို တင်ဆက်ထားပါတယ်။


 

သဘာဝအတိုင်းရသည့် ဗီတာမင် E ကြောင့် သက်ကြီးရွယ်အိုတွေအတွက် ခန္ဓာလှုပ်ရှားမှုကို အားကောင်းစေ  

Former basketball player Will Allen says they turn food waste into useful material to grow food

ဗီတာမင် ဆေးပြားသုံးစွဲခြင်းထက် သဘာဝမှရရှိသည့် ဗီတာမင်-အီး က ပိုပြီး ထိရောက်မှုရှိသည်။

ဇန်န၀ါရီ ၃၀၊၂၀၀၈ - လူတွေနေ့စဉ် စားသုံးနေကြ အစားအစာတွေမှာပါတဲ့ ဗီတာမင် အီးဓါတ်ဟာ ဘယ်လောက် အကျိုးကျေးဇူးများစေတယ်ဆိုတာကို ဆေးသိပ္ပံပညာရှင်တွေက စမ်းသပ်လေ့လာမှု အသစ်တခု လုပ်ခဲ့ပါတယ်။ အသက် ၆၅နှစ်နဲ့အထက် အီတလီလူမျိုး ၇၀၀ လောက်ကို ဒီလေ့လာချက်ထဲမှာ စမ်းသပ်ထားပြီး၊ သဘာဝကနေ ရရှိတဲ့ ဗီတာမင်အီးဓါတ်ကြောင့် ကိုယ်လက်ခန္ဓာ လှုပ်ရှားသွားလာမှု ပိုအားကောင်းစေတယ်ဆိုတာကို ဒီလေ့လာချက်မှာ တွေ့ရပါတယ်။

အမေရိကန်အမျိုးသားကျန်းမာရေသိပ္ပံကတော့ ခန္ဒာကိုယ်က ရောဂါဘယတွေ ကာကွယ်နိုင်ဖို့ဆိုရင် လူလုပ်တဲ့ ဓါတု ဗီတာမင်တွေထက်စာရင် အစားအစာတွေကနေ သဘာဝအတိုင်းရတဲ့ ဗီတာမင်အီးဟာ ပိုပြီးတော့ ထိရောက်နိုင်တယ်လို့ ဆိုထားပါတယ်။ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်ဥ သစ်ဖုတွေကနေ ဗီတာမင် အီး ပမာဏ ၁၅ မီလီဂရမ်ကနေ ၃၀ မီလီဂရမ်အထိ နေ့စဉ်ရရှိဖို့ လိုအပ်မယ်လို့ ဆေးသုတေသီတွေက အကြံပြုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ လူထုကျန်းမာရေးဆေးသိပ္ပံပညာဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာသိန်းစီကလည်း ရှင်းပြထားပါတယ်။


 

Parkinson ရောဂါ မရခင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ အားနည်းချက်လက္ခဏာများ ကနဦးဖော်ပြ  

Brain
ဇန်န၀ါရီ ၂၃။ ၂၀၀၇ - ဒီအပတ် ကျန်းမာရေးအစီအစဉ်မှာတော့ လူတွေရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်နဲ့ပတ်သက်ပြီး လေ့လာသုတေသနပြုချက် နှစ်ခုကို တင်ပြထားပါတယ်။

ဈေးနှုန်းသတ်မှတ်မှုအရဖြစ်စေ ပြင်ဆင်ထုပ်ပိုးမှု ဈေးကွက်မှာ အလွယ်တကူတွေ့ရမှုကြောင့်ဖြစ်စေ - လူတွေအနေနဲ့ သူတို့ ကောင်းတယ်ထင်တဲ့ ဈေးကွက်က ပစ္စည်းတွေအတွက် ကျေနပ်နှစ်သိမ့်မှုဖြစ်တယ်ဆိုတာကို ဦးနှောက်ကြည့်ကိရိယာနဲ့ သုတေသီအဖွဲ့တခုက လူအချို့ကို စမ်းသပ်လေ့လာရင်း တွေ့ရှိခဲ့ပါတယ်။ အချို့လူတွေဟာ ဆေးဟာ အာနိသင်မရှိတဲ့ဆေးဖြစ်ပါစေ - ပျောက်ကင်းစေတယ် ထိရောက်တယ်လို့ သူတို့ တကယ်ယူဆမိရင် သူတိုရဲ့ရောဂါတွေကို သက်သာအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကို အခု လေ့လာချက်က အတည်ပြုပေးလိုက်ပါတယ်။

နောက်တခုကတော့ လူကြီးတွေမှာဖြစ်တတ်တဲ့ အကြောအားနည်းပြီး ခြေလက်တုန်ရင်စေတဲ့ ပါကစ်ဆန်ရောဂါနဲ့ပတ်သက်တဲ့ လေ့လာချက်ပါ။ ပါကစ်ဆန်ရောဂါမဖြစ်ခင် ဦးနှောက်နဲ့အာရုံကြောပိုင်းဆိုင်ရာအားနည်းချက်လက္ခဏာတွေ ကနဦး ဖြစ်လာတတ်တယ်ဆိုတဲ့ အချက်ကို သုတေသီတွေက တွေ့ထားပါတယ်။ ဒီအချက် မှန်ကန်တယ်ဆိုရင်တော့ ပါကစ်ဆန်ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်မယ့်နည်း လမ်းစ ပွင့်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီအတွက် နှစ်နဲ့ချီ အချိန်ယူရဦးမယ်လိုတော့ သုတေသီတွေက ပြောထားပါတယ်။


 

HIV ဗိုင်းရပ်ပိုး လူ့ခန္ဓာကိုယ်တွင်း မျိုးပွားပြန်နှံရာတွင် အရေးပါသည့် ပရိုတင်း ၂၇၃ခုကို အမေရိကန်ဆေးသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ  

HIV is a constantly moving mutating virus.jpg

HIV ဗိုင်းရပ်ဟာ အစဉ်မပြတ် အသွင်ပြောင်းနိုင်တဲ့ ဗိုင်းရပ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဗိုင်းရပ်ကို ပစ်မှတ်ထားတဲ့ ဆေးဝါးတွေ အဖို့တော့ ထိရောက်မှု အကန့်အသတ် ရှိပါတယ်။

ဇန်န၀ါရီ ၁၆။ ၂၀၀၇ - အိတ်အိုင်ဗီ ဗိုင်းရပ်ပိုးများ လူ့ခန္ဓာကိုယ်တွင်း မျိုးပွားပြန်နှံရာမှာ အရေးပါတဲ့ ပရိုတင်း ၂၇၃ခုကို အမေရိကန် ဆေးသိပ္ပံပညာရှင်တွေက ရှာဖွေ သိရှိခဲ့ကြပါတယ်။ ဒီအတွက် အိတ်အိုင်ဗီ ဗိုင်းရပ်ပိုး ကူးစက်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေနဲ့ ဆေးဝါးဖော်စပ်မှုတွေမှာ အသုံးတည့်လာကြလိ့်မ်မယ်လို့ ပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ 

အိတ်အိုင်ဗီ ဗိုင်းရပ်ဟာ သူကိုယ်၌က မျိုးရိုးဗီဇဆိုင်ရာ ရုပ်သဘောအနည်းငယ်ပါနေပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်တွင်း ဆဲလ်တခုကို အိတ်အိုင်ဗီ ဗိုင်းရပ် ကူးစက်လိုက်ပြီဆိုတာနဲ့ ဗိုင်းရပ်ဟာ အဲဒီဆဲလ်ရဲ့ မျိုးရိုးဗီဇ မျိုးပွားမှုသဘာဝကို မောင်းပိုင်စီးလိုက်ပါတယ်။ အခုလို မျိုးပွားပြန်နှံဖို့ ဗိုင်းရပ်က အသုံးပြုယူတဲ့ ဆဲလ်ပရိုတင်းတွေကို သုတေသီတွေက ရှာဖွေ သိရှိခဲ့ကြတာပါ။ ဒီအကြောင်း အခုအပတ် ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။



» ယခင်ထုတ်လွှင့်ခဲ့ အစီအစဉ်များ