တနင်္လာ, 19 ဇန်နဝါရီ 2009
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့သည့် အမေရိကန်မူဝါဒကို သုံးသပ်ဆွေးနွေး
မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှုကို ထပ်ပြီးတင်းကြပ်တဲ့အနေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီး နှစ်ဦးကို အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးဒဏ်ခတ်ထားသူများစာရင်း (Specially Designated Nationals) မှာ ထပ်ပြီးထည့်သွင်းလိုက်ပါတယ်။ ဒဏ်ခတ်ခံစာရင်းမှာ ထပ်ပြီးပါလာတဲ့ မက်စ်မြန်မာကုမ္မဏီပိုင်ရှင် (Max Myanmar) ဦးဇော်ဇော် နဲ့ ဒဂုံအင်တာနေရှင်နယ်ကုမ္မဏီ (Dagon International Limited) အုပ်စုပိုင်ရှင် ဦးဝင်းအောင် တို့ဟာ မြန်မာစစ်အစိုးရ အာဏာပိုင်များနဲ့ နီးစပ်သူများဖြစ်ပြီး စစ်အစိုးရရဲ့  ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ စီးပွားရေးအရ အဓိက ကူညီပံ့ပိုးပေးနေသူတွေဖြစ်ပါတယ်။ ဦးဇော်ဇော်အနေနဲ့ သူက သမာအာဇီဝ လုပ်ငန်းသာလုပ်ကိုင်နေသူဖြစ်ပြီး တိုင်းပြည်ရဲ့  အကျိုးကိုဆောင်ရွက်နေသူသာဖြစ်ကြောင်း ပြောဆိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံစစ်အစိုးရကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေလုပ်တဲ့နေရာမှာ စစ်အစိုးရ အရာရှိကြီးတွေအပြင် သူတို့နဲ့ နီးစပ် စီးပွားရေးလုပ်ငန်ရှင်ကြီးများကို ဘယ်လိုသတ်မှတ်ချက်တွေထားပြီး အရေးယူမယ့် စာရင်းထဲ ထည့်သွင်းပါသလဲဆိုတဲ့ မေးခွန်းကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အဓိကလေ့လာခဲ့သူ သတင်းစာဆရာတဦးဖြစ်တဲ့ အမေရိကန်နိုင်ငံ ကယ်လီးဖိုးနီးယားပြည်နယ် UC Berkeley တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ဦးမင်းဇင် ကို ဗွီအိုအေသတင်းဌာနမှုး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
- နားဆင်ရန် ဦးသန်းလွင်ထွန်း
MP3
ဗွီအိုအေ တီဗွီသတင်းလွှာ (၂-၁၄ -၂၀၁၂)
To view this site, you need to have Flash Player 9.0.115 or later installed. Click here to get the latest Flash player.
မြန်မာစံတော်ချိန် နံနက် ၅း၃၀-၆း၃၀
မြန်မာစံတော်ချိန် ၆း၃၀-၇း၀၀
မြန်မာစံတော်ချိန် ညနေ ၆း၀၀-၇း၀၀
မြန်မာစံတော်ချိန် ညပိုင်း ၉း၀၀-၁၀း၀၀
VOA 60 - World News
စာမျက်နှာအသစ်နဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုလိုပါက burmese@voanews.com.