မြန်မာနိုင်ငံမှာ ရှေ့လဆန်းကစလို့ ငွေစက္ကူ ငါးထောင် ကျပ်တန် အသစ်တွေကို ထုတ်ဝေသုံးစွဲသွားမယ်လို့ အစိုးရက ပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ ကြေငြာလိုက်ပါတယ်။ ဘဏ္ဍာငွေကြေး စနစ်တွေ ခိုင်ခိုင်မာမာ မရှိလှသလို ငွေကြေးဖောင်းပွမှုတွေ ရှိနှင့်နေပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဒီလို ကြေငြာလိုက်ပြီး မရှေးမနှောင်း ဆိုသလို ကုန်ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်တဲ့ သတင်းတွေလည်း ထွက်ပေါ်လာတာပါ။ ငွေစက္ကူအသစ်တွေ ထုတ်ပြန်လိုက်လို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ဘယ်လို ရှိလာစေမလဲ တကယ်တမ်း ငွေကြေးစနစ်မှာ အာမခံချက်ရှိဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာတွေကို ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။