အမေရိကန်အဆင့်မြင့် သံတမန်တွေရဲ့  နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ အောက်တိုဘာလ ၃၀ ရက်နေ့က  ဝါရှင်တန်ဒီစီမြို့ တော်အခြေစိုက်  Johns Hopkins တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှာ မြန်မာ့အရေး ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်း လဲမှုတွေ ရှိလာအောင်  နိုင်ငံတကာအနေနဲ့  ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို အဓိကထား ဆွေးနွေးခဲ့ကြရာမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့  အမေရိကန်ထိပ်တန်း သံတမန်နှစ်ဦးလည်း တက်ရောက်ခဲ့ပါတယ်။  အဲဒီ ဆွေးနွေးပွဲအကြောင်း သတင်းသွားယူခဲ့တဲ့ နော်ရှိုးက ရှင်းလင်းတင်ပြ ပေးထားပါတယ်။

Burmese Version


English Version